Tae လဲ ကိုယ်အတွေးနဲ့ကိုယ်တွေးနေတုန်း Jungkook ဘက်ကိုလှည့်ကြည့်တော့ ပါးစပ်အဟောင်းသားနဲ့
ဟက် အချောအလှလေးတွေမြင်ရင် မရရအောင်လိုက်တဲ့
Jk က ဒီအလှလေးကိုရော အလွတ်ပေးမှာတဲ့လား။

Tae-ဟျောင့် ဘာလဲ ဒီလောက်ကြည့်နေတာ ကြွေသွားပြီလား

ဘာမှမပြောပဲသူ့ကိုအတန်အကြာစိုက်ကြည့်ပြီမှပြောလာသောစကားကအဓိပ္ပါယ်တစ်စက်မှမရှိ။

Jk-မုန်းတယ်

ဘာမုန်းတယ် ငါကိုလား ဟ။

Tae-ငါကမင်းကိုဘာလုပ်နေလို့လဲ မုန်းတယ်များရှိကသေး

Jk-တော်ပီ ငါကားပေါ်မှာပဲ စောင့်နေတော့မယ်

ထထွက်သွားသော Jk ကိုကြည့်ပြီ နားမလည်သူမှာ Kim Tae သာဖြစ်သည်။

****

ဘာလဲ ဘာလဲ ထိုလူကို ဘာကြောင့် မုန်းလဲအဖြေရှာလို့မရ ဘာကြောင့်လဲ အရမ်းလှလွန်းလို့
မုန်းတာလား မသိဘူး သူ့ကိုမြင်လိုက်ရင် ရင်ဘတ်ကထအောင့်လာတာဘာကြောင့်လဲကွာ
ဒီနေ့မှ စိတ်ရှုပ်စရာတွေကြီးပဲ။

Jk-တောက်စ် ပန်းစည်းတာကလဲကြာလိုက်တာ လိပ်လိုပဲ

ကိုယ့်ရဲ့ အဖြေရှာလို့ မရတဲ့ အမုန်းတွေကြောင့် ကားကိုမှီ၍ မျက်လုံးမှိတ်ကာ ဒေါသတွေကို ဖြေဖျောက်ရန် ကြိုးစားလိုက်သည်။

.........

Jk ထွက်သွားပြီ ၁၅ မီနစ်လောက်အကြာမှာ သပ်သပ်ရက်ရက်နဲ့ လွလွပပေလး စည်းထားတဲ့ နှင်းဆီအဖြူပန်းစည်း ကိုကိုင်ထား Tae ဆီလာနေသော အလှနတ်ဘုရားလေးကြောင့် Tae မှာငေးကနဲ။

တကယ်လှတယ် အရမ်းရမ်းလှတယ် သူစည်းထားတဲ့ အဖြူရောင်ပန်းစည်းလေးထက် ပိုတောင်လှသေး ကျတော်မှာငေးကနဲ တပြင်စိတ်ခံစားချက်နဲ့ငေးတာတော့ မဟုတ်ရပါ ကျတော်မှာ ချစ်ရသူရှိတယ်ဗျ။

Jm-ဒီမှာရပြီ ညီ ထပ်စောင့်ရလို့ အားနာပါတယ် စည်းထားတဲ့ ပုံစံလေးကြိုက်ရဲ့လား

အမြန်စည်းပေးရတာမို့ မသပ်မရက်ဖြစ်သွားမှာဆို လို့မေးလိုက်ချင်သာ ပန်းတွေစည်းရင် လှနေမှ သူ့ကကြိုက်တာ ကိုယ့်ဆိုင်မှာလာဝယ်တဲ့ သူတွေကို မလှမပမရောင်းချင်တာလဲပါသည်။

Change ||MK|| ( Un + Zg )Where stories live. Discover now