*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ

Start from the beginning
                                    

ပိုင်ယွမ်ချန်က ဖျော့တော့စွာပြုံးပြလိုက်ပြီး
"ငါနဲ့ ခြံဝန်းထဲမှာလမ်းလျှောက်ဖို့ အဆင်ပြေရဲ့လား"

"ဒါပေါ့"
ထို့နောက် ရုန်ယိ သူ့ကိုအလယ်ခြံဝန်းထဲက ဥယျာဥ်ကြီးထဲခေါ်သွားလိုက်၏။

ရုန်စု သူတို့နောက်ကိုမြန်မြန်လိုက်ကြည့်ဖို့လုပ်ပေမဲ့ တားဆီးခံလိုက်ရပြီး ရုန်ဟွမ် သူ့အင်္ကျီကော်လာကနေဆွဲခေါ်သွားတာခံလိုက်ရသည်။

ရုန်စု တော်တော်လေးစိုးရိမ်နေလေသည်။
"ငါ့ကိုမတားနဲ့..သခင်လေးက သူ့ဆရာတူအစ်ကိုကြီးပေါ်မှာ နောက်တစ်ကြိမ်ခံစားချက်တွေရှိသွားပြန်ပြီလားလို့ သွားကြည့်မလို့"

ရုန်ဟွမ် သူ့ကိုလွှတ်ပေးလိုက်ပြီးနောက်ပြောလိုက်သည်။
"အလယ်ခြံဝန်းထဲမှာ သခင်လေးရဲ့အပြုအမူတိုင်းကိုစောင့်ကြည့်နေမဲ့ အစေခံတွေအများကြီးရှိတယ်..အခု..မင်းရဲ့အဓိကတာဝန်က ပိုင်ယွမ်ချန်ရောက်နေတယ်ဆိုတာ သခင့်ကိုသတင်းသွားပို့ပြီး သူဘယ်လိုတုံ့ပြန်မလဲဆိုတာကြည့်ဖို့ဘဲ"

"ကောင်းပြီ..ငါ သခင့်ဆီကိုသတင်းသွားပို့လိုက်မယ်"
ရုန်စု မြန်မြန်ထွက်သွားပြီး ယင်ကျင်းရဲ့ ရဲ့စာကြည့်ခန်းဆီသို့ အမြန်ဆုံးနှုန်းနဲ့ရောက်ရှိသွား၏။
"သခင်...သခင်!.."

အိမ်တော်ထိန်းက လှမ်းဆူလိုက်သည်။
"ဘာကိစ္စမလို့ စည်းကမ်းတွေကိုတောင်သတိမရတော့လောက်အောင် ဒီလောက်အလျှင်လိုနေရတာလဲ"

ခုံပေါ်မှာထိုင်နေတဲ့ ယင်ကျင်းရဲ့ကတော့ ခေါင်းတောင်မော့ကြည့်မလာပေ။

"ကျွန်တော်.....ကျွန်တော်...အားယား.."
ရုန်စု အများကြီးဂရုစိုက်မနေနိုင်တော့ဘဲ ရှင်းရှင်းသာပြောလိုက်တော့၏။
"သခင်လေးရဲ့ ဆရာတူအစ်ကိုကြီးရောက်နေတယ်"

"ဒီကိစ္စလေးကို မင်းကဘာလို့ဒီလောက်တောင်ဗရုတ်သုတ်ခဖြစ်နေရတာလဲ...စာကြည့်ခန်းထဲကို ဒီလိုမျိုးအမြန်ပြေးဝင်လာဖို့လိုလို့လား.."
ပြောပြီးသွားတဲ့နောက် ရုတ်တရက် တစ်ခုခုမှားပြောလိုက်မှန်းသတိထားလိုက်မိပြီး ပြန်ပြောလာ၏။
"မင်းပြောတာ ဆရာတူအစ်ကိုကြီးပိုင်ယွမ်ချန်လား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now