သုမရဲ့သူငယ်​ချင်းကို ဆွဲ​ခေါ်ထုတ်​ရင်း ​ရှေ့ဖြစ်​​ဟောသူကိုလည်း သူမ​တောင်းပန်​ခဲ့ရသည်​။

“ မြောင်​ဖူ နင်​ဘယ်​လိုလုပ်​ အဲ့လိုအ​ယာင်​​ဆောင်​ကို ​တောင်းပန်​ရတာလဲ ငါ သူ့ရဲ့ပုပ်​ပွ​နေတဲ့ ပါးစပ်​ကိုဆွဲဖြဲပစ်​မှဖြစ်​မယ်​"။
သူမ​အော်​​ပြော​နေရင်း သူမရဲ့​ခြေ​ထောက်​ကိုကန်​လိုက်​သလိုလုပ်​လိုက်​လို့ ၇လက်​မ​လောက်​ရှည်​တဲ့သူမဖိနပ်​ကြီးက ​​ရှေ့ဖြစ်​​ဟောသူရဲ့​ခေါင်းကိုတည့်​တည့်​ကြီး သွားမှန်​သွားသည်​။

ရှေ့ဖြစ်​​ဟောသူကလည်း ​အကြီးအကျယ်​ ​အော်​ဟစ်​​နေခဲ့တယ်​။

“​သေစမ်း အဲ့ဖိနပ်​ကအရမ်း​ဈေးကြီးတယ်​ ​မြောင်​ဖူ ​ကောက်​လိုက်​အုန်း"

“​အေးပါ" ဖိနပ်​ကို​မြောင်​ဖူ​ကောက်​လိုက်​ပြီး ဘုရင်​မလက်​ထဲပြန်​အပ် လိုက်​ရသည်​ သူမပြုံးပြဖ်ို့ကိုလည်းမ​မေ့ပါဘူး။

“​ဒေါသမထွက်​ပါနဲ့ ​ဝေ​ဝေ​"သူမသူငယ်​ချင်းက သူမကိုယ်​စား​ဒေါသထွက်​​ပေး​နေတာကိုကြည့်​ရင်း သူမရဲ့ခံစားချက်​​တွေပြန်​လည်​မြင့်​တတ်​လာခဲ့သည်​။
သူမမှာကံဆိုးမှု​တွေနဲ့ ​မွေးဖွားလာတယ်​ဆိုရင်​တောင်​ အနည်းဆုံး​တော့ သူမမှာကျန်းချူး​ဝေလို သူငယ်​​ချင်း​ကောင်း​ရှိ​သေးတယ်​။

ချူး​ဝေ သူမမျက်​လုံးကိုလှည့်​လိုက်​ရင်း ​သူမသူငယ်​ချင်း ​မြောင်​ဖူရဲ့ နူးညံ့လှတဲ့နှလုံးသားကို သူမ မကိုင်​တွယ်​နိုင်​​တော့ဘဲ သူမဖိနပ်​ကိုပဲ ပြန်​၀တ်​​နေခဲ့တယ်​။

သူမသူငယ်​ချင်း​ခေါင်းကို ပုတ်​​ပေးရင်း “အဲ့​ခွေး​ကောင်​ရဲ့ ညစ်​ပတ်​တဲ့စကား​တွေကို မယုံနဲ့ ဘာကိုအ​ဖေလဲ? ဘာရင်းနှီးတဲ့လူလဲ?ငါတို့က ၁၀နှစ်​နီးပါး​လောက်​ တစ်​​ယောက်​အ​ကြောင်း တစ်​​ယောက်​​ကောင်း​ကောင်းသိပြီး အတူ​နေထိုင်​နေကြတာ ငါ​ကောင်း​ကောင်း​ရှင်​သန်​​နေတယ်​မဟုဖူးလား"။

“ငါသိပါပြီ"အပြုံး​လေးနဲ့ပဲ သူမပြန်​​ပြောခဲ့သည်​။
ဒါ​ပေမယ့်​ ​ခေါင်းကိုပုတ်​​နေတာက အရမ်းပြင်း​နေ​တော့ နာကျင်​လာပြီး နဖူးပါနီရဲ​နေပြီ။

အတုအ​ယောင်​ သခင်​​လေး(Fake young master)Where stories live. Discover now