*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ

Start from the beginning
                                    

ကျုံးကျစ်ချောင်က အင်းကွက်ကို ပန်းထိုးထားတဲ့ အဝတ်တစ်ထည်ကို ရုန်ယိရှေ့မှာ ယမ်းပြလာ၏။
"ဒါကအဆင့်၁ မှော်အင်းကွက်လေ.."

လက်နက်တွေ အဆင်တန်ဆာတွေလိုဘဲ အင်းကွက်တွေ အစီအရင်တွေမှာလည်း အဆင့်၉ဆင့်ရှိသည်။  အင်းကွက်တွေက အဆင့်တိုင်းမှာ လက်နက်အင်းကွက် ၊ ဝိညာဥ်အင်းကွက် ၊ ရတနာအင်းကွက် ၊ မြင့်မြတ်သောအင်းကွက် ၊ ဘုရင်အင်းကွက် ဟူ၍  အဆင့်သေး၅ဆင့်ရှိ၏။ အစီအရင်တွေကတော့  အသေး ၊ အလတ် ၊ အကြီးနဲ့ မဟာ ဟူ၍ လေးမျိုးရှိသည်။

ထန်ရှန်းရို ကလည်းသူ့ရဲ့ အစီအရင်ကိုပန်းထိုးထားတဲ့ ဝတ်စုံအပြာကို ထုတ်ပြလာသည်။
"ဒါက ငါလုပ်ထားတဲ့ အဆင့်၁ အလယ်အလတ် အစီအရင်.."

ရုန်ယိ သွေးနားထင်ရောက်ပြီး ဂုဏ်ယူနေတဲ့ မျက်နှာတွေကိုကြည့်ပြီး မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိသည်။
ဂုဏ်ယူစရာဘာများရှိနေလို့လဲ...အဆင့်၁ ပစ္စည်းလေးတွေဟာဘဲကို..။ မူလပိုင်ရှင်က အရှုံးသမားတစ်ယောက်မလို့ သူ့ကိုလာပြီး နှိမ့်ချစော်ကားချင်တာလား..ဒါပေမဲ့လည်း သူတို့ပုံစံတွေက အဲ့လိုမျိုးမဟုတ်ပေ။သူတို့ပုံက သူ့ဒုတိယအစ်ကိုနဲ့ သူ့သူငယ်ချင်းတွေကို ပြန်သတိရသွားစေသည်။ သူတို့ကလည်း ဒုတိယအစ်ကိုဆီကို သူတို့ရဲ့အဆင့်နိမ့်မှော်လက်နက်တွေနဲ့အတူ မကြာခဏလာလေ့ရှိပြီး သူ့အစ်ကိုအခန်းထဲမှာ အဲ့အကြောင်းတွေဆွေးနွေးလေ့ရှိကြသည်။

သူ့အစ်ကိုက သူနဲ့လည်း ဒီလိုအဆင့်နိမ့်ပစ္စည်းတွေအကြောင်းဆွေးနွေးပြောဆိုဖို့ကြိုးစားခဲ့ပေမယ့် သူငြင်းလိုက်တာကြောင့် သူ့အစ်ကို အချိနိတော်တော်ကြာအောင် စိတ်ဆိုးသွားခဲ့တာကိုလည်း မှတ်မိလိုက်သည်။

အခု ကျုံးကျစ်ချောင်နဲ့ တစ်ခြားသူတွေကိုကြည့်ရတာ သူ့အစ်ကိုကို ကြည့်နေရသလိုဘဲ မလို့ သူ့ရင်ထဲက စိတ်မရှည်မှုတွေကို ဖိနှိပ်ထားရင်း ပြောလိုက်သည်။
"ဘာလို့ ငါ့ကို ဒီပစ္စည်းတွေလာပြနေရတာလဲ"

##
ခုနက readerလေးကဘဲ ထပ်တောင်းလာပါတယ်
ချက်ချင်းဘဲတင်ပေးလိုက်ပါပြီနော်🖤🖤
များများလေး click ပြီး ကိုယ့်ဆီမှာ updateတွေတောင်းလို့ရပါတယ်လို့

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now