*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ

Magsimula sa umpisa
                                    

"ခင်ဗျား.."
ရုန်ယိ သူတို့ကြောင့် ခြောက်ခြားနေမိသည်။
"ခင်ဗျား...ခင်ဗျားတို့က ကျွန်တော့်အစ်မတွေလား....အစ်ကိုတွေလား.."

"ခွီးး"  မျက်နှာတည်တည်ကြီးလုပ်ထားတဲ့ ရုန်စုတစ်ယောက် သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ ရယ်မိသွားသည်။ ဘယ်လောက်တောင် ထက်ရှလိုက်တဲ့မေးခွန်းလဲ...။

"မုန်းစရာကောင်းလိုက်တာ...မင်းငါတို့ကို ဘယ်လိုလုပ်ပြီး ဒီလိုမေးခွန်းမျိုးမေးရတာလဲ..ဒါကရိုင်းတယ်နော်.."
ချီယွဲ့ရှီ သူ့ကိုခန်းမထဲကနေပြီး ရုန်ယိ နေနေကျအခန်းဆီကို တောက်လျှောက်ဆွဲခေါ်သွားကြသည်။
"ကျုရှင့်ယွီ   ထန်ရှန်းရို  ကျုံးကျစ်ချောင် မင်းတို့သန့်စင်ထားတဲ့ဟာတွေ ရှောင်ယိယိကိုပြလိုက်ကြလေ.."

သူတို့နာမည်ကြားတဲ့အခါမှာ ရုန်ယိ သူတို့က အစ်မအရင်းတွေမဟုတ်မှန်းသိသွားသည်။ သူတို့က သူနဲ့ဝါသနာတူတဲ့ အခြောက်သူငယ်ချင်းတွေဖြစ်မည်။သူအခုလေးတင် တစ်မိသားစုလုံးက မူလပိုင်ရှင်လို မိန်းကလေးလိုဝတ်စားကြရတာသဘောကျတယ်လို့ တွေးမိသွားတာဖြစ်၏။
ကျုံးကျစ်ချောင် ကျုရှင့်ယွီ နဲ့ ထန်ရှန်းရို တို့က သူတို့ရဲ့ သိုလှောင်လက်စွပ်တွေထဲကနေ ပစ္စည်းတစ်ခုစီထုတ်လိုက်ကြပြီး စားပွဲပေါ်တင်လိုက်ကြသည်။

ကျုရှင့်ယွီက ဂုဏ်ယူစွာနဲ့ပြောလိုက်သည်။
"ဒါငါလုပ်ထားတာလေ ငှက်မွှေးဂါဝန် ၊ အဆင့်၁ အစစ်အမှန်အဆင့် ပစ္စည်းဘဲ"

ဝတ်စုံတွေ ၊  ခါးပတ်တွေ ၊  ခေါင်းစည်းတွေ ၊ အဆင်တန်ဆာတွေ ၊ ဖိနပ်တွေနဲ့ တစ်ခြားသော ကျင့်ကြံသူတွေအသုံးပြုဝတ်ဆင်ကြတဲ့ ပစ္စည်းတွေက အဝတ်အထည်သန့်စင်ရက်လုပ် သူတွေက သန့်စင်ပြုလုပ်ထားကြတာဖြစ်သည်။ ပစ္စည်းတွေအကုန်လုံးမှာ ကာကွယ်နိုင်စွမ်းပမာဏတစ်ခုရှိကြသည်။ သူတို့ကိုလည်း မှော်လက်နက်တွေလိုဘဲ ကိုးဆင့်ခွဲခြားနိုင်ပြီး အဆင့်တစ်ခုစီမှာလည်း နောက်ထပ် သာမန်အဆင့် ၊ သန့်စင်အဆင့် ၊ ကိရိယာအဆင့် ၊ မှော်ဝင်အဆင့် ၊ အစစ်အမှန်အဆင့် ၊မြင့်မြတ်အဆင့် ၊ သူတော်စင်အဆင့် ၊ ကောင်းကင်ဘုံအဆင့် ၊ နတ်ဘုရားအဆင့် ဟူပြီး အဆင့်သေး ၉ဆင့်ထပ်ခွဲထားသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Tahanan ng mga kuwento. Tumuklas ngayon