*35* ဒီကလေးကိုပြန်လုပ်လို့ရလား

Start from the beginning
                                    

ရုန်ယိတစ်ယောက် သူ့အပြုံးထဲမှာ နစ်မြောသွား၏။ ဒီလူက ပြုံးလိုက်တဲ့အချိန်မှာ ပိုလို့တောင်ဆွဲဆောင်မှုရှိပြီး လရောင်အောက်မှာ အဖြူရောင်ပန်းပွင့်လေးတွေက ရနံ့ဖျော့ဖျော့လေးနဲ့ ပွင့်လန်းလာသလိုမျိုးပင် ။ သူ့ဆီက အကြည့်တွေပြန်ခွာနိုင်ဖို့ဆိုတာ ခက်ခဲလှ၏။

ယင်ထောင် ဗိုက်ပြည့်သွားတဲ့အချိန်မှာတော့ ရုတ်တရက် လေချဥ်တက်လိုက်သည်။

အဲ့အသံကြောင့် ရုန်ယိသတိပြန်ဝင်လာပြီး ယောက်ျားတစ်ယောက်ရဲ့အပြုံးကြောင့် သူ စိတ်လွတ်သွားမှန်း သတိပြုမိလိုက်သည်။ သူမျက်နှာကြီးအု့ံမှိုင်းနေလျက် သူ့နဖူးသူပြန်ပွတ်နေပြီး သူရှက်နေတာကို ဖုံးကွယ်ဖို့ ညစာကိုသာအမြန်လုပ်ပေးဖို့ ပြောကြားလိုက်သည်။
"ညစာစားချိန် ညစာစားချိန် "

"ဟင်းပွဲတွေလာချပေးဖို့ ရုန်စု ပြောပြီးပါပြီ"

"ဒါဆို မင်းတို့ဘာလို့ မတ်တပ်ရပ်နေကြတာတုန်း  ထိုင်ကြတော့လေ"

ရုန်ဟွမ်ရော ရှင်းဟယ်ပါ မလှုပ်ကြပေ။

အရင်တုန်းက ယင်ထောင်တစ်ယောက်တည်းထိုင်ပြီးစားရတာကြောင့် ရုန်ဟွမ် ရုန်စုနဲ့ လေ့စိုင်တို့က သူနဲ့အတူ ထိုင်စားပေးကြတာဖြစ်သည်။ ဒါပေမဲ့ အခုတော့ သူနဲ့အတူစားပေးဖို့ ရုန်ယိရော သခင်ပါ ရှိနေလေပြီ။ သူတို့သေချာပေါက်ကို သခင်နဲ့အစေခံ စည်းမျဥ်းတွေကို လေးစားလိုက်နာဖို့လိုအပ်သည်။

မိသားစုကြီးတစ်ခုမှာ မွေးလာသူမလို့ ရုန်ယိလည်း သေချာပေါက်ကို ထိုစည်းမျဥ်းစည်းကမ်းတွေကို သိလေသည်။ သခင်တွေက အရမ်းလိုက်လျောနေရင် အစေခံတွေကလည်းရောင့်တက်လာနိုင်ပြီး သခင်ကဘယ်သူဆိုတာတောင် မသိတော့တာမျိုး ဖြစ်နိုင်သည်။

ယင်ကျင်းရဲ့က ဘာတစ်ခွန်းမှမပြောတာကြောင့် ရုန်ယိလည်း ရုန်ဟွမ်နဲ့ တစ်ခြားသူတွေကို ထိုင်ဖို့ ထပ်မပြောတော့ပေ။

မကြာခင်မှာ ရုန်စုနဲ့ စားဖိုမှူးက ဟင်းပွဲတွေကိုင်လာပြီး အခန်းထဲဝင်လာသည်။

"ဟင်းတွေက အရသာအရမ်းကောင်းတယ် စားကြည့်ပါလား"
ရုန်ယိ ကြက်သားတစ်ဖက်ကို ယူပြီး ယင်ကျင်းရဲ့ရဲ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now