…ဒါကရှဲန်းရှန်ရဲ့အနံ့ပဲ။

“ဟမ်?”

တစ်ခဏကြာပြီးနောက် ရေချိုးကန်ထဲမှလူငယ်လေးက သူ့ခေါင်းကိုရှုပ်ထွေးစွာဖြင့်မော့လာသည်။ သူကအချိန်အတော်ကြာကြာခေါင်းငုံ့ထားတာဖြစ်သည်။ သူတစ်ဖန်မော့ကြည့်လိုက်ချိန် ကျင်ရွှင်က ရေချိုးခန်းထဲမှမီးရောင်ကြောင့် မူးဝေသွားပြီး ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ ဒါပေမယ့် ဒါက သံသယရှိစရာမလိုအောင်ကို ရှန်ရိကျင်းရဲ့အဓိကအိပ်ခန်းထဲမှရေချိုးခန်းဖြစ်နေတာအား သူသတိရသွားသည်။

…သူ့ကိုMr.ဗီလိန်က အိမ်ပြန်ခေါ်သွားတာကို ကျင်ရွှင်သတိရသွားသည်။ မှောင်မည်းနေတဲ့အခန်းကျဉ်းထဲမှာ သော့ပိတ်ခံရမယ့်ဖြစ်နိုင်ခြေမရှိဘူး။

ဒါပေမယ့် အခုလေးတင်ဘာဖြစ်သွားတာလဲ?

မသိစိတ်အလျောက် ကျင်ရွှင်က ပုံမှန်ထက်ပိုပွင့်လင်းကာ နူးညံ့နေပြီး တောက်ပနေတဲ့ရှန်ရိကျင်းရဲ့မျက်ဝန်းထဲကို ကြည့်လိုက်သည်။

ဒါကအမှန်တကယ်ကိုရှဲန်းရှန်ပဲ။

ဒါပေမယ့် ခုနကအဲ့နက်မှောင်နေတဲ့မျက်ဝန်းတွေနဲ့လူကလည်း ရှဲန်းရှန်ပဲ။

ဒါ့အပြင် သူအဲ့အေးစက်မှုကိုမှတ်မိနေတုန်းပဲ…

အဲ့လေပြင်းဆီးနှင်းတွေစုနေတဲ့မျက်ဝန်းတွေကို တွေးမိသွားတော့ ကျင်ရွှင်ရဲ့ကိုယ်ကတုန်ယင်သွားကာ ရေနွေးနွေးလေးထဲပိုလို့တောင်နစ်မြုပ်ချင်မိသွားသည်။

ဒါက ဦးနှောက်နှေးကွေးစွာတုံ့ပြန်မှုရဲ့ရလဒ်ဖြစ်ပြီး လုံးဝကိုမသိစိတ်အလျောက်ဖြစ်သည်။

ပရမ်းပတာဦးနှောက်က ရှဲန်းရှန်ရဲ့ခံစားချက်တွေ ဘာလို့တစ်ရာ့ရှစ်ဆယ်ဒီဂရီပြောင်းလဲသွားလဲဆိုတာကို နားမလည်ပေမယ့် ကျင်ရွှင်က ပွင့်လင်းတာကြောင့် သူနားမလည်တဲ့အရာတွေကို တိုက်ရိုက်သာမေးတတ်သည်။

သို့သော်ငြား ဒီတစ်ကြိမ်မှာတော့ တစ်ဖက်လူကအရင်စပြောလာသည်။

“ရှောင်ရွှင်” ရှန်ရိကျင်းကပြော၏ “မင်းခုနကပြောလိုက်တာကို တစ်ခါလောက်ထပ်ပြောပါဦး”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now