Ep 20

195 16 12
                                    

ထူးဆန်းသည်ထက်ပိုသည်ဟုပြောရမလား
နှစ်နှစ်လူံးလူံးသတိဝင်မလာသည့်
ကိုမာ ဝင်နေသောလူနာသည်
ဘာမှမဖြစ်ခဲ့သလိုမျိုး ရုတ်တရက်
သတိရလာပြီးဘာမှမဖြစ်ခဲ့သလို
မိသားစုဝင်တွေနှင့်ရယ်လိုက်မောလိုက်
စားလိုက်နှင့်သာ မို့ VVip room
တာဝန်ကျဆရာဝန်များပြောမဆုံးနိုင်
အောင်ပင်ဖြစ်နေကြတော့သည်

"ဟဲ့ Vvip အခန်းကလူနာလေ"

"အေးဘာဖြစ်တုန်း"

"ငါတော့ဘယ်လိုဘဲတွေးတွေး
တွေးလို့တောင်မရဘူး
နှစ်နှစ်လူံးလုံးလဲနေတာလေ
ပုံမှန်ဆို လေ့ကျင့်ခန်းတွေပြန်လုပ်မှသာ
လှုပ်ရှားနိုင်မှာမျိုးလေ ဘယ်လိုကြီးလဲဟာ
သူ့ကြည့်ရတာထူးဆန်းလိုက်တာ
လူနာလို့တောင်မထင်ရဘူး"

"ငါ​ပြောချင်တာလဲအဲ့တာဘဲ
ဒါပေမဲ့လဲ အဆိူးထဲကအကောင်းဘဲလေ"

"ဘာလဲ လေ့ကျင့်ခန်းတွေလုပ်မပေးရလို့လား"

"အေး အဲ့တာဘဲ နင်ကြည့်လေ
ဟိုးနေ့ကဘဲ လမ်းလေးထွက်လျှောက်တာ
လမ်းသွားလမ်းလာတွေကကြည့်လို့တဲ့
ချက်ခြင်းကြီးကို Vip တစ်ထပ်လုံးကို
ငှားချပြစ်လိုက်တာလေ
တခြားvip လူနာဆောင်ကလူတွေ
ဗြောင်းဆန်သွားတာနင်အသိဘဲလေ
ဒါတောင်အကြည့်ဘဲနော်
လေ့ကျင့်ခန်းလုပ်လို့ ထိကိုင်ပေးရတာမျိုးဆို
ဆံပင်အဖြူနဲ့ လူကြီး ငါတို့ကိုသတ်လောက်
တယ် ဟဲ့"

"လာ လာ သူငယ်ချင်း
ဒီဘက်ခေတ်မှာ ငါတို့အစစ်မတွေအတွက်
နေရာမရှိဘူးဟဲ့"

"ချစ်နိုင်သူတွေဘဲအေ ချစ်ကြပါစေ
အခုတော့ နင်ရောငါရောcofee
ဆင်းသောက်ရအောင်ဟဲ့"

"ဟဲ့ အလုပ်ချိန်ကြီးကို"

"6နာရီထိုးတော့မယ်လေ အချစ်လေးရဲ့....."

"ဪ လမ်းလျှောက်ထွက်တော့မယ့်
အချိန်......"

........

"ကလေး ကိုယ်နဲ့အတူတူ
လမ်းထွက်လျှောက်ရအောင်လေ"

"ပျင်းတယ် မလျှောက်ချင်ဘူး
ပြီးတော့ဆေးရုံဆင်းရအောင်လို့
ဘာမှမဖြစ်တော့ပါဘူးဆိုနေ"

"တစ်ပါတ်လောက်ဘဲထပ်နေရအောင်လေ
ကလေးရာဆေးစစ်ချက်တွေထွက်လာ
တော့မှာဘဲဟာ"

Couple  Zawgyi UniWhere stories live. Discover now