*32* ဒါကလျှို့ဝှက်ချက်

Start from the beginning
                                    

ဘေးနားကလူတွေက သူ့ရဲ့ ကြောက်တတ်မှုနဲ့ သတိထားနေမှတို့ကိုကြည့်ပြီး ရယ်မောလာတော့၏။ သာမန်တိုက်ခိုက်မှုလေးတစ်ခုကို ကြောက်ရွံ့နေတာကြောင့် သူ့ကိုယ်သူဟာသဖြစ်သွားစေသည်။ သေခြင်းရှင်ခြင်းတိုက်ပွဲတောင်မရောက်သေးခင်မှာ ဘယ်တိုက်ခိုက်ရေးသမားကမှ ဒီလိုမဖြစ်ကြပေ။ အသုံးမကျတဲ့ အရှုံးသမားဘဲ..။

စုန့်မောင်က ဘယ်တုန်းကမှ ဒီလိုစော်ကားမှုမျိုးမခံခဲ့ရတာကြောင့် ရှက်ရွံ့မှုရော စိတ်ဆိုးမှုကိုပါ ခံစားနေရ၏။ သူက လျှင်မြန်စွာထလိုက်ပြီး သူ့လက်နက်ကိုကောက်ကိုင်ကာ ကျန်းစွန်းကျစ်ချန် ကိုတိုက်ခိုက်လိုက်၏။

ဒါပေမဲ့ ကျန်းစွန်းကျစ်ချန်ရဲ့ ဓားရေးက စုန့်မောင်ထက်သာသည်။ သူက တိုက်ခိုက်မှုကိုရှောင်လိုက်ပြီး စုန့်မောင်ရဲ့ လက်နက်ကို နှစ်ပိုင်း ပိုင်းပစ်လိုက်၏။

"ကျန်းစွန်းကျစ်ချန် ငါစစ်ဆေးပွဲအတွက်ပြင်ဆင်ထားတဲ့ လက်နက်ကို မင်းချိုးပစ်ရဲတယ်..ငါဆရာ့ကို ဒီအကြောင်းသွားပြောပြီး မင်းကို ဟိုင်ရှန်းကျောင်းတော်ကနေ မောင်းထုတ်ခိုင်းမယ် ဒါဆိုရင် မင်းဒီ ဟိုင်ရှန်းမြို့မှာလည်း ဆက်နေလို့မရတော့ဘူး.."
သူက ကျန်းစွန်းကျစ်ချန်ကိုမနိုင်မှန်းသိတာကြောင့် စုန့်မောင် ဒေါသတွေထွက်ပြီး ကျန်းစွန်းကျစ်ချန်ကို ဓားအိမ်နဲ့ကောက်ပေါက်ကာ ထွက်သွားတော့သည်။

"သူက အခုထိနို့မပြတ်သေးတဲ့ ကလေးဘဲ..။သူသိတာက ဒီလိုအသေးအဖွဲလေးအတွက်နဲ့ ဆရာ့ဆီသွားပြီး အကူအညီတောင်းဖို့ဘဲ..။ သူ့ရဲ့ စွမ်းရည်နဲ့သာဆိုရင် ဒီဟိုင်လုရွာထဲကနေ ခြေတစ်လှမ်းတောင် ထွက်နိုင်မှာမဟုတ်ဘူး.."
နှာခေါင်းရှုံ့လိုက်ရင်းနဲ့ ရှန်းလွီ့ ကျန်းစွန်းကျစ်ချန်ရဲ့မှော်လက်နက်ကို ကြည့်လိုက်သည်။
"မင်းရဲ့ မှော်လက်နက်က ဘယ်လိုဖြစ်တာလဲ..။ ဒါက အက်ရာရှိနေတာတောင်မှ အရင်ကထက်ပိုပြီး စွမ်းအားကြီးလာသလိုဘဲ.."

"ရုန်လူကြီးမင်းရဲ့ အင်းကွက်ကြောင့် ကျွန်တော့်မှော်လက်နက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ တိုးတက်လာတာ"
ကျန်းစွန်းကျစ်ချန် ဓားပေါ်က အင်းကွက်ကို ထိကြည့်လိုက်ပြီး အံ့အားသင့်စွာနဲ့ပြောလိုက်၏။
"အင်းကွက်က ကျွန်တော့်ဓားနဲ့ တစ်သားတည်းဖြစ်သွားပြီ..။ဒါက ဓားပေါ်မှာထွင်းထုပြီးရင် ပြန်ဖျက်လို့မရတော့သလိုမျိုးဘဲ..။ ပြီးတော့ ဒါက လက်နက်ရဲ့ ကိုယ်ထည်ကိုမပျက်စီးစေတဲ့အပြင် တိုက်ခိုက်ရေးစွမ်းရည်ကိုပါ တိုးလာစေတယ်.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now