'' huက မောင့်အတွက်တော့အလင်းရောင်လေး လေ မောင်က မောင့်ရဲ့အလင်းရောင်လေးကို ဘာလို့ပြစ်သွားရမှာလဲ
           အလင်းမရှိရင်မှောင်မိုက်သွားသလိုပဲ hu သာမရှိရင်မောင်ကမ္ဘာကြီးလည်မှောင်မိုက်သွားမှာပေါ့
huမရှိရင် မောင်လည်းမရှိနိုင်ဘူးဆိုတာကိုသာ
huသိထားလိုက် ''

ရပါပြီဒီလောက်လေးပြောယုံနဲ့တင် baekhyun
ကျေနပ်ပါပြီ မောင်က ပြစ်မသွားဘူးဆိုတာနဲ့တင်
baekhyunအတွက်လုံလောက်ပါပြီ ဒါပေမဲ့
     မောင့်ဆီက ' ချစ်တယ် ' ဆို တဲ့စကားလေးကို
တော့ မျှော်လင့်နေမိနေတုန်းပင်

Byun Haewon အိမ်ထဲရောက်သည်နှင့်ဧည့်ခန်းထဲတွင်ထိုင်နေသော ယောက်ျားဖြစ်သူဆီသို့သွားကာ

   '' Byun Daehyun ရှင်ကသားငယ်လေးရဲ့
ဖခင်အရင်းဖြစ်နေပါလျက်နဲ့ သားငယ်လေးကအခုဘယ်ဆီရောက်နေမှန်းမသိဖြစ်နေချိန်မှာအေးဆေး
နေနိုင်သေးတယ်ပေါ့ ''

   '' ဟက် ' မင်းရဲ့လိမ္မာပါတယ်ဆိုတဲ့သားကအခု
မိဘရင်ခွင်ကို ခြေစုံကန်ပြီးတော့ သူ့အကောင်
နောက်ကိုလိုက်သွားတာကို မင်က ဘာတွေစိတ်ပူ
နေတာလဲ
       သားမိုက်! မိဘရင်ခွင်ကိုခြေစုံကန်ပြီး တခြား
သူစိမ်းနောက်လိုက်သွားတယ်ပေါ့ မိဘလောက်
ဘယ်သူကသူ့အပေါ်ကောင်းနိုင်မှာတုန်း ဒုက္ခ
ရောက်မှ ပြန်လာကြည့်အိမ်အရိပ်တောင်အနင်းမခံဘူး ''

Byun Haewonယောက်ျားဖြစ်သူပြောသော
စကားကြောင့်

   '' အဲ့ဒါရှင်တို့က သားငယ်ကိုအရမ်းချုပ်ခြယ်
လွန်းတာကို ဘယ်သူကများဒီလောက်တင်းကြပ်
ချုပ်နှောင်နေတဲ့အိမ်မှာနေချင်မှာတုန်း  
      သူလည်း လူငယ်ပဲလွတ်လွတ်လပ်လပ်နေ
ချင်ရှာမှာပေါ့   ရှင်တို့ကတင်းကြပ်လွန်တာကြောင့်
သာ အခုလိုရွေးချယ်သွားရတာလေ
        တကယ်တော့ရှင်တို့သားဖက သားငယ်ကို
ချစ်တာမဟုတ်ဘူးရှင်တို့ရဲ့အတ္တကိုသာချစ်နေတာ''

Daehyunတစ်ယောက် ကိုယ်ပြောချင်တာကိုသာပြောပြီးအခန်းထဲသို့ဝင်သွားသောမိန်းမဖြစ်
သူကြောင့် ဒေါသထွက်ကာ ကားသော့ယူ၍
အပြင်သို့ထွက်လာခဲ့လိုက်သည်

Seohyun  ညီငယ်ဖြစ်သူကဘယ်တော့မှ သူတို့ကိုမထားခဲ့ပါဘူးဟု တွေးထားမိခဲ့ပေမဲ့
အခုတော့ သူတွေးနေတဲ့အတွေးတွေက မှန်ကန်မနေဘူးဆိုတာကိုသူသိလိုက်ရပြီပင် ခုဆိုသူ
အရမ်းချစ်ရတဲ့ညီငယ်လေးရဲ့ ခပ်စွာစွာအသံလေးကိုအရင်လိုမကြားနိုင်တော့ပေ။

                  My youth and my love  (completed) Donde viven las historias. Descúbrelo ahora