Unicode
"ဘာဖြစ်တာတဲ့လဲ?"
"အဟွတ်.. ဟွတ်.."
".........."
"ကိုရောက်လာတယ်"
ဒေါ်ခင်ဟေသာက ပင်ပန်းနွမ်းဖျနေတဲ့ပုံစံနဲ့ ခင်ပွန်းဖြစ်သူကိုဆီးကြိုတယ် ။ အခုမှအလုပ်ကပြန်လာပုံရတဲ့ဦးကောင်းမြတ်က briefcase ကိုအလုပ်စားပွဲပေါ်တင်လိုက်ရင်း နက်ခ်တိုင်ကိုဖြေလျှော့နေတယ်။
ဦးကောင်းမြတ်အမူအရာတွေက သူမအတွက်ပူပန်တယ်လဲမဆိုသာ ၊ မပူပန်ဘူးလဲမဆိုသာ ။ သူမအခြေအနေကိုဖုန်းဆက်ခေါ်လို့ ဝတ္တရားအရပြန်လာပေးတယ်ဆိုတာသိပေမယ့် တစ်ခါမှဒီလောက်အရေးမပေးခံရတဲ့သူမအဖို့ ဒါဟာအဖိုးတန်အပြုအမူပါပဲ ။
"သက်သာရဲ့လား"
"ဆရာဝန်က နှလုံးရောဂါအစပျိုးချင်နေတယ်လို့ပြောတယ် ကို"
သူမပိုပိုသာသာမှီနွဲ့ပြောလိုက်တော့ ဦးကောင်းမြတ်က တစ်နေရာကိုအသိစိတ်လွှင့်သွားသလိုငေးငိုင်သွားခဲ့တယ် ။ ဘယ်သူ့ကိုသွားတွေးနေမိလဲဆိုတာရိပ်မိပေမယ့် ဒီတစ်ခါတော့ သူမစိတ်ဓာတ်မကျမိပါ ။
ဦးကောင်းမြတ်က တူညီတဲ့အမှားမျိုးတော့နှစ်ခါအဖြစ်မခံလောက်ဘူးမလား ။
ဘယ်လိုပဲ မတူညီတဲ့လူနှစ်ယောက်ဖြစ်နေပါစေဦးပေါ့ ။ နှစ်ယောက်လုံးက သူ့သွေးသားကိုမွေးဖွားပေးခဲ့တဲ့မိန်းမတွေချည်းပဲလေ ။
"နောက်ဆိုများများဂရုစိုက်ပေးမယ်.. ဒီရက်ပိုင်းကိုယ်အလုပ်ရှုပ်နေတော့ ပစ်ထားသလိုဖြစ်သွားတာထင်တယ်"
"ဟုတ် ကို.. ဟေသာကိုများများလေးပိုဂရုစိုက်ပေးပါကိုရယ်"
သူမအကြံအစည်ကအလုပ်ဖြစ်ပါတယ် ။ လေသံနည်းနည်းပျော့သွားတဲ့ကို့ကိုကြည့်ရင်း ဝမ်းသာမိတာအနှိုင်းမရပါဘဲ။ ဒီလိုမှန်းသာစောစောကြိုသိခဲ့ရင် သူမဘဝတစ်လျှောက်လုံး ဒီလိုနည်းကိုစောစောကျင့်သုံးခဲ့ပါတယ် ။
အဟင်း ။ အခုလဲ သိပ်တော့နောက်မကျသေးပါဘူး။
"ကို.. ဟေသာခေါင်းနည်းနည်းမူးနေလို့"
YOU ARE READING
XL (Completed)
General FictionOC (Omegaverse~Mpreg) NeGabarNett x EainMattWine 3rdOctober,2021 - 12thSeptember,2022