Part -17(Zawgyi )

Start from the beginning
                                    

ခေါင်းကိုငုံ့ ကာ တိမ်ဝင်နေသည့် အသံက ဝမ်းနည်းရိပ်တို့သိသိသာသာစွတ်နေ၏။

ငယ်ငယ်ထဲက မွေးချင်းနှစ်ယောက်ရှိရာ
အကြောင်းကြောင်းကြောင့် အကိုဖြစ်သူက လူစိမ်းတွေနဲ့ပါသွားခဲ့သည်ကလွဲ
တစ်ခါမှပြန်မဆုံတော့သလို တွေ့လျှင်တောင်မမှတ်မိလောက်တော့မည့်အနေအထား။

သူ့မိဘတွေက ဘာလို့များ သားဖြစ်သူကိုသူများဆီပေးလိုက်ရပါလိမ့်။

" သေသလားရှင်သလားတောင် မသိ။
အသက်ရှင်နေသေးတယ်ဆိုရင်တောင် ကောင်းစားပြီး
ဘဝကိုမေ့ခဲ့ရောပေါ့"

"မဟုတ်တာ ယုကိုကိုက ယုကိုသိပ်ချစ်တာဆို"

ယုယငယ်သည် စူးရှအား ဆက်ခနဲလှန်းကြည့်သည်။
စူးရှ အနည်းငယ် မျက်နှာ ပူရှိမ်းရှိမ်းဖြစ်သွား၏။

"နားကြားမမှားခဲ့ဘူးမလား။ စူးရှက ယုလို့ခေါ်လိုက်တာလား"

"မ.. မခေါ်ပါဘူး"

စူးရှ ကြမ်းပြင်ကို စိုက်ကြည့်နေသည်။

"ခေါ်လိုက်လည်း ဘာဖြစ်လဲ စူးရှနဲ့တို့က စုံတွဲတွေဖြစ်နေကြပြီမလား "

"...."

" ဟုတ်တယ်မလားလို့ မောင်ရဲ့"

ယုယငယ်က စူးရှအနားတိုးလာကာ နူးညံ့ညင်သာသောလေသံဖြင့်
နှစ်ကိုယ်ထဲကြားနိုင်ရုံခေါ်သည်။
စူးရှမှာတော့ ပေါက်ထွက်လုဆဲဆဲ ရင်ဘက်က ခုန်မည်နေသည်မှာ ကြောက်လန့်စရာကောင်းလောက်အောင်ပင်။

ရိပ်မိဟန်ရှိသော ယုယငယ်သည် ခစ်ခနဲရယ်လိုက်၏။

" ရှက်ပဲရှက်နေရသေးတယ်။ တို့ရှက်ဖို့ချန်ထားပါအုံး"

စူးရှအနားကိုပိုတိုးကပ်လာကာ ယုယငယ် မထိတထိစသည်။
သူ့မျက်လုံးကိုမော့မကြည့်ရဲ စူးရှ ရင်ခုန်နေမိသည်မှာဆန်းကျယ်သည်။

ဟုတ်သားပဲ။
ယုယငယ်ကိုအဆုံးအရှုံးမခံနိုင်ဘူးဟု စူးရှ မမူးပဲ ပြောခဲ့ဖူးသည်ပဲ။
မေ့နေတာတော့မဟုတ်ပါဘူး။
မေ့ချင်ဟန်ဆောင်ထားတာ။
ယုယငယ်မှတ်မိမယ်လို့ဘယ်ထင်မှာလဲ။

စူးရှ ယုယငယ်မျက်နှာကို ရဲတင်းစွာမော့ကြည့်လိုက်ပြီးနောက်
စာမျက်နှာ နှင့်နီးကပ်လာစေရန် ယုယမေ၏ မေးစေ့အား အသာအယာဆွဲယူလိုက်သည်။

A letter to A boy who is not a boy(Completed)Where stories live. Discover now