အပိုင်း၁၇

Magsimula sa umpisa
                                    

ဂျောင်ဂုကမူ နားမလည်နိုင်စွာနဲ့ ယွန်ဂီ့ကိုကြည့်ရင်း ထိုသူရဲ့လက်ကို ပုတ်ခတ်နေခဲ့တယ်။

''ယွန်ဂီ  သတိထားပါအုန်း ဘာဖြစ်တာလဲ  အ.....''

''သူဌေး လွတ်လိုက်ပါ သူနဲ့မှမဆိုင်တဲ့ဟာကို.....''

နမ်ဂျွန်ပြောလိုက်တော့ ရုတ်ချည်း sugaရဲ့ဦးတည်ချက်က ပြောင်းသွားပါတယ်။ ချက်ချင်းဆိုသလို sugaဟာ နမ်ဂျွန်ဘက်ကိုပြေးသွားခဲ့ပြီး တစ်ဖက်လက်နဲ့ကိုင်ထားတဲ့ ခွဲဓားနဲ့လည်ပင်းကိုထောက်လိုက်ပါတယ်။

''အခုတလော မင်းလည်းစကားအရမ်းများလာတယ်နော် ''

''သူဌေး ရပ်လိုက်တာကောင်းမယ်နော်   ''

''မင်းငါ့ကိုဆရာမလုပ်နဲ့ နမ်ဂျွန် အဲ့သောက်ကောင်အစားငါပျောက်ကွယ်သွားရမှာကိုစောင့်နေရမှာလား   ''

''ဒါမယ့် သူဌေးစဉ်းစားကြည့်ပါ  သူဌေးကဘယ်သူလဲ  ''

'' ငါက.....''

ငါဘယ်သူလဲ....ဟုတ်တယ် ငါဘယ်ကနေရောက်လာတာလဲ။

ထိုအချိန်မှာပဲ အခန်းထဲကိုလူတစ်ယောက်ရောက်လာခဲ့ပါတယ်။ ထိုလူကသေနတ်ကိုကိုင်ကာ ဆူးယွန်းကို ချိန်လိုက်သည်။

ထိုအခြင်းအရာကိုမြင်တဲ့ sugaဟာ ရယ်လိုက်တယ်။ဒါပဲ သူလိုချင်တာက .....

''ရောက်လာပြီလား   ဂျင်ရှီးးးးးးး''

ဂျင်ဟာ ယွန်ဂီရဲ့ အမေကို ကုတင်ကနေ ဆွဲချလိုက်တော့ နာကျင်မှုနဲ့အတူ ဆူယွန်းနိုးလာခဲ့တယ်။ထိုအချိန် ဂျင်ဟာ အရင်ကနဲ့မတူ မျက်လုံးတွေက တောက်လောင်နေပြီး ခံစားချက်မဲ့ကာ ဆူယွန်းကို ခြေထောက်ကနေ ဆွဲသွားလိုက်တယ်။

ထိုအရာကိုမြင်တဲ့ဂျောင်ဂုဟာအမျိုးသမီကိုကယ်ရန်ထလိုက်တော့ sugaဟာ ချက်ချင်း လက်ထဲက ဓားနဲ့လည်ပင်းကိုထောက်လိုက်တယ်။

''လုံးဝပြီးပြည့်စုံတဲ့ အခြေအနေမှာ မင်းကဘာထလုပ်မလို့လဲကောင်လေး''

''Yoongi yarrr''

''အဲ့သောက်ကောင်ရဲ့နာမည်ကိုမခေါ်နဲ့''

ဆိုတော့ ဂျောင်ဂုကြောင်အသွားတယ်။ လည်ပင်းမှာတဖြေးဖြေး စိုက်ဝင်လာတဲ့ ဓားဟာလည်း နာကျင်မှာကိုခံစားလာရတယ်။ ဂျောင်ဂုတစ်ခုသိလိုက်တာက သူ့ဘေးမှာရပ်နေတဲ့ သူက ယွန်ဂီမဟုတ်ဘူးဆိုတာကိုပင်။

နတ်ဆိုး ( Completed) Tahanan ng mga kuwento. Tumuklas ngayon