အပိုင်း၁၇

536 80 2
                                    

ယွန်ဂီဟာ တဖြေးဖြေး မျက်စိမှိတ်လာတဲ့ မိခင်ကိုကြည့်နေခဲ့တယ်။ဘယ်တော့မှထွက်မသွားတော့ဘူးလို့ယုံကြည်ထားတဲ့အမေဟာ ကားမတော်တဆမှုဖြစ်တော့ မိခင်က ကားပြတင်းပေါက်ကနေ ကိုယ်လွတ်ရုန်းထွက်ပြေးသွားတာကိုမြင်ခဲ့ရတယ်။

မသိစိတ်က အမုန်းစိတ်နဲ့ သံယောဇဉ်စိတ်တွေဟာ နောက်ထပ်လူတစ်ယောက်ကိုဖန်တီးမိသွားတယ်။ မိခင်ဖြစ်သူက ဆေးထုတ်လုပ်ရေးပညာရှင်ဖြစ်ပြီး အဖေဖြစ်သူက အင်ဂျင်နီယာဖြစ်တဲ့အတွက်ကြောင့်ရယ် အမေဖြစ်သူရဲ့ စမ်းသပ်မှုတစ်ခုနဲ့ မွေးဖွားလာတဲ့ ယွန်ဂီဟာ သာမန်ကောင်လေးတွေထက် ညဏ်ရည်ပိုမြင့်မားပြီး  ဆေးဘက်ဆိုင်ရာမှာ ကျွမ်းကျင်ပေမယ့် သိတ်ကတော့ ဆေးပညာကိုမလေ့လာချင်ခဲ့တဲ့အတွက် ရိုးရိုးကျောင်းသာတက်ပြီး စီးပွားရေးဘက်ကိုဦးတည်လာခဲ့တယ်။

သို့သော်

SuGa ကတော့ ယွန်ဂီနဲ့မတူဘူး။ ဆေးcompany တစ်ခုကိုအလျင်အမြန်တည်ထောင်နိုင်ပြီးCEOဆိုတဲ့ရာထူးကို တက်လျှောက်သွားခဲ့တယ်။

အသက်၁၇   ၁၈ သာရှိသေးတဲ့ suga ကို ရှယ်ယာရှင်တွေက လက်မခံချင်ကြဘူး  ဆိုတော့ သူ့အတွက် နယ်ရုပ်တစ်ခုလိုအပ်လာတယ်။ထင်တဲ့အတိုင်းပဲ  လုံးဝကိုဘ၀ပျက်နေတဲ့ နမ်ဂျွန်ကိုတွေ့တော့ သူ့ရဲ့ကြိုးကိုင်ရာကိုပြုလုပ်မယ့် အရုပ်တစ်ခု ဖန်တီးလိုက်တယ်။

သူဒီအခြေအနေကိုရောက်အောင်လို့ အချိန်အတော်ကြာအောင်စောင့်ခဲ့ရတယ်။ suga အဖြစ်အနေကျလာတော့ ယွန်ဂီက တစ်ခါခါပေါ်လာပြန်တယ်။ ညက အိပ်ယာမှာအိပ်နေရင် မနက်ကျတော့ ပါးစပ်တွေပေပွစွာနဲ့ ဧည့်ခန်းက ဆိုဖာမှာနိုးလာတာမျိုး။သူ့အနေနဲ့ လုံးဝပျောက်ကွယ်သွားရတော့မယ်ဆိုတာသိလာတော့ ကံကြမာကို လောင်းကြေးထပ်လိုက်တော့တယ်။


ထိုသို့ဖြင့် suga ဟာ ချက်ချင်း ဂျောင်ဂုဘက်ကို လျှောက်လာခဲ့တယ်။ဒီကောင်လေးကိုစမြင်ကတည်းက  ဒီကောင်လေးက ယွန်ဂီရဲ့ အားနည်းချက်ဆိုသည်ကိုပင်သိလိုက်ရတယ်။

ထိုအချိန်မှာ ဂျောင်ဂုကလည်းနိုးနေခဲ့ပြီဖြစ်တယ်။ချက်ချင်းဆိုသလို suga ဟာ ဂျောင်ဂုရဲ့ လည်ပင်းကိုလက်နဲ့ညစ်ချလိုက်တော့ ဂျောင်ဂုဟာ အသက်ရှူလို့မရတော့ပေ။ ဂျောင်ဂုရဲ့ကိုယ်ဟာ ကြိုးချည်ထားရာကနေ ပျက်သွားပြီး တဖြေးဖြေးထလာခဲ့တယ်။အကြောင်းက suga က ဂျောင်ဂုကို လည်ပင်းကနေ ကိုင်ကာမြောက်လိုက်တာကြောင့်ပင်။

နတ်ဆိုး ( Completed) Where stories live. Discover now