အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့်ဖြစ်ဖွယ်ရာများ

Start from the beginning
                                    

ထိုလေအေးကြောင့် ကျွန်တော်ပင်နှာချေလာပြီး ချက်ချင်းပဲထကာ ပြတင်းပေါက်ကိုပိတ်ဖို့လုပ်ရတော့သည်။ ထိုစဉ် ကျွန်တော့်ခေါင်းထက် နရံပေါ်မှာချိတ်ထားတဲ့ နာရီကို အမှတ်မထင်ဘဲ မော့ကြည့်မိလိုက်သည်။

'တစ်နာရီခွဲပဲ ကြာမြင့်ခဲ့တာ ... အဲ့ဒီအချိန်လေးအတွင်း ရာသီဥတုက ဘယ်လိုလုပ် ဒီလောက်ထိ ဆိုးရွားသွားရတာလဲ။'

ထိုကဲ့သို့ ထူးဆန်းသည့်အတွေးတို့တွေးမိနေစဉ် စားပွဲပေါ်က မီးအိမ်ကိုယူပြီး နာရီဆီ မီးအလင်းပိုပြလိုက်သည်။ ကျွန်တော်က နာရီရှိရာသို့ အမှုမဲ့အမှတ်မဲ့ စိုက်ကြည့်နေခဲ့ပြီး ထိုမှမျက်စိပြန်မလွှဲနိုင်ဘဲ ကော်နှင့်ပင် အကပ်ခံလိုက်ရသလို ထိုနာရီကိုကြည့်ရင်းနှင့် အကြည့်တို့ ရပ်တန့်သွားခဲ့သည်။

နရံပေါ်ရှိ ဖန်သားနာရီထံမှ ကျွန်တော့်အနောက်ဘက်ရှိ မြင်ကွင်းအရိပ်ကို ပြန်မြင်နေရသည်။ ထိုမြင်ကွင်းထဲ၌ တံခါးအရိပ်ထဲ ပုန်းကွယ်ပြီးရှိနေတဲ့ မှုန်ဖျဖျအလင်းတန်းနှစ်ခုနှင့်အတူ ရောယှက်နေတဲ့ အမဲရောင်အရိပ်တစ်ခုလည်း ရှိနေသည်။

ကျွန်တော့်ရဲ့နှလုံးခုန်နှုန်းက အမြင့်ဆုံးသို့ရောက်ရှိလို့ ခေါင်းမွှေးများပင် ထောင်မတ်ကုန်သည်။

'အဲ့ဒီရေသူထီးက .... ကျွန်တော့်အခန်းထဲမှာ တကယ်ကြီး ရှိနေခဲ့တယ်။'

ကျွန်တော့်ရဲ့အသက်ရှူခြင်းပင်ပျောက်ရှလို့ ခန္ဓာကိုယ်သည်လည်း ကော်နှင့်အကပ်ခံလိုက်ရသလို နေရာတွင်ပင် မလှုပ်မယှက်နိုင်ဘဲတောင့်တောင့်ကြီးဖြစ်သွားသည်။ ထိုအခြေအနေနှင့် ကျွန်တော့်ရဲ့ နောက်ကျောဘက်မှတဖြည်းဖြည်းနီးကပ်လာသည့် ရေသူထီး၏လည်ချောင်းမှထွက်လာသော အသံကိုသာ ကျွန်တော်ကြားနေရသည်။ ကျွန်တော့်ရဲ့ စားပွဲတင်မီးအိမ်က ဖလပ်ဖလပ်နှင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်ခဲ့ပြီး ထို့နောက်တွင်မှ ရှူးကနဲမြည်သံတစ်ခုနှင့် ပိတ်သွားခဲ့ကာ အခန်းတစ်ခုလုံးသည်လည်း အမှောင်ထုထဲသို့ တစ်ခါပြန်ပြီး နစ်မြှုပ်သွားခဲ့သည်။ မကြာလိုက် စိုထိုင်းထိုင်းနှင့် အောက်သိုးသိုးအနံ့တစ်ခုကိုပါ ကျွန်တော့်နောက်ကျောဆီမှ တိတိကျကျ အနံ့ခံမိခဲ့သည်။

Desharow's MermanWhere stories live. Discover now