ထို့ကြောင့် ထိုမှတ်ချက်များအကြောင်းကို ယွမ့်ထန်း မသိတော့ဘဲ ခပ်အေးအေးသာ စချက်ရန် ပြင်ဆင်နေလိုက်၏။

သူက ပထမဦးစွာ အအေးစာနှစ်ခု ပြင်သည်။ သခွားသီးအေးညပ် ပေါင်မုန့်နှင့် အာလူးညပ် ပေါင်မုန့်ဖြစ်သည်။ ဒါတွေက လုပ်ရလွယ်ပြီး  အဆင့်တစ်ခုလည်း ရှိသည်။

သခွားသီးညပ် ပေါင်မုန့်က မခက်ပေ။ သခွားသီးကို နုတ်နုတ်စင်းပြီး သကြား၊ ရှာလကာရည်နှင့် ဂျင်းစိမ်းတို့ဖြင့် နယ်ရန် လိုအပ်သည်။  အစပ်မစားနိုင်သူတို့အတွက် တွေးကာ ငရုတ်ပွ အနည်းငယ်သာ ထည့်သည်။  အနည်းငယ်စပ်နိုင်သော်လည်း လက်မခံနိုင်သည်အထိ မဟုတ်ပေ။  လှစေရန်အတွက် သေသပ်စွာ လှီးထားသော မုန်လာဥနီကို ထည့်သည်။ လတ်ဆတ်မည့်ပုံ၇သော အစိမ်းရောင်များက အနီရောင်များအကြား ကွက်ကြားရှိနေခြင်းက စီးချက်ကျပြီး လှပသည်။

ယွမ့်ထန်းက  သခွားသီးညပ် ပေါင်မုန့်ကို နှစ်ပိုင်းပိုင်းပြီး တစ်ပိုင်းကို   ပြင်ဆင်ပေးထားသည့် ဗီ၇ိုထဲ ထည့်ကာ အဆုံးမှ ဟင်းပွဲတိုင်းနှင့် ပေါင်းကာ  စစ်ဆေး၇န် ဖယ်ထားသည်။ အခြားတစ်ပိုင်းကိုမူ  အပြင်ဘက်မှ ဒိုင်များနှင့် ကြည့်ရှုသူတို့အတွက်ပို့လိုက်သည်။

အနီးကပ် ကြည့်နေကြသူတို့က တူကို မမြောက်နိုင်ခင်မှာ ယွမ့်ထန်းက တစ်ပိုင်းကို ထည့်သိမ်းလိုက်ကြောင်း မြင်လိုက်ကြသည်။ ဥာဏ်ရည်မြင့် စက်ရုပ်က ကျန်သည့် တစ်ပိုင်းအား ဥက္ကဌကုနှင့် အခြားသူများထံသို့ ပို့ပေးသည်။ ကြည့်ရှုသူတိုင်းက သူတို့ကြည့်သည့် အနေအထားကို ပြောင်းကာ ပေါင်မုန့်နောက် လိုက်သွားကြသည်။

[ အဆင့်နိမ့် ဘုန်းကြီး: ဒါက အရမ်း ပြီးစလွယ် မနိုင်ဘူးလား။  ဟိုဟာ ဒီဟာ ထည့်လိုက်ရုံနဲ့ တစ်ပွဲ ပြီးသွားရောလား။ ဘာလို့  သခွားသီး အလုံးလိုက်ပေးပြီး ငါတို့ကို မစားခိုင်းတာလဲ]

[ လမင်းနဲ့ နွေဦးဝါ: ကြည့်လို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ သခွားသီးပဲ ပါတယ်ဆိုတဲ့ အချက်က မပြောင်းသွားဘူးလေ]

[ကြည်လင် အေးမြ: အပေါ်က နှစ်ယောက်၊ ဘာလို့ အရင်မြည်းကြည့်ပြီးမှ စာမရေးတာလဲ။ ရိုးရှင်းနေတာနဲ့ပဲ စားမကောင်း၇တော့ဘူးလား။ ဟင်းတိုင်းကို နာ၇ီ၀က် ကြာအောင် လုပ်ပြမှ ကောင်းတယ် ထင်တာလား]

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now