"ကဲ ကဲ အချစ်ဆုံးကလုပ်ပြီ"

ရာသီဥတုဒီလောက်အေးနေတာကို စောင်မခြုံဘဲ အကျီကိုဗိုက်ပေါ်ထိလှန်ကာ အိပ်နေတဲ့အချစ်ဆုံး။ ပေါ်နေတဲ့ဗိုက်လုံးလုံးလေးကို ဖိကပ်နမ်းလိုက်ရင်း စောင်ခြုံပေးလိုက်ကာ

"ကောင်းသောညပါ မောင့်အချစ်ဆုံးနဲ့ဗိုက်ထဲကဒယ်ဒီ့ကလေးလေးရေ"

မိသားစုလေးရတော့မယ် အဖေတစ်ယောက်ဖြစ်ရတော့မယ်ဆိုတဲ့အတွေးက တွေးမ်ိလိုက်တာနဲ့ရင်ထဲကိုတလှပ်လှပ်။

ကိုယ့်အတွေးနဲ့ကိုယ်ကြည်ကြည်နူးနူးနဲ့သာ ကွန်ပျူတာရှေ့ပြန်ထိုင်ပြီး ကုမ္ပဏီကအလုပ်တွေကိုအပြီးသတ်နေလိုက်တယ်။

အလုပ်လုပ်နေရင်းတစ်နာရီလောက်ကြာတော့ ကုတင်ပေါ်ကအိပ်နေတဲ့ အချစ်ဆုံးဆီကငြီးသံလေးကြားမိလိုက်တော့

"ဟင့် "

ဂျွန်တစ်ယောက်လုပ်လက်စအလုပ်ကိုပြစ်ထားလိုက်ပြီးထယ်ယောင်းနားအပြေးသွားကာ လက်လေးကိုဆုပ်ကိုင်လိုက်ရင်း

"အချစ်ဆုံး ဘာဖြစ်တာလဲ "

"ဟင့် မောင် နာတယ်"

ထယ်ယောင်းကဗိုက်နာတယ်ပြောတာကြောင့် တင်ပါးနားကကုတင်စကို စမ်းကြည့်လိုက်တော့ စိုနေတယ်။

"ချစ်ဆုံး မွေးတော့မယ်ထင်တယ်ခဏလေး ခဏလေး"

ခြံစောင့်ကိုအိမ်တံခါးအသင့်ဖွင့်ထားဖို့ပြောလိုက်ပြီး
ကားကိုပါစက်နှိုးထားခိုင်းလိုက်သည်။

ထယ်ယောင်း ရင်သွေးလေးလွယ်ထားထဲက ဂျွန်ကသီးသန့်ဆရာဝန်တစ်ယောက် အကောင်းဆုံးကိုရှာ၍၂၄နာရီ လိုအပ်တဲ့အချိန်တိုင်း ခေါ်နိုင်ရန် ငှါးပေးထားသည်။

"ဟယ်လိုဒေါက်တာလား ကျွန်တော်တို့ဆေးရုံလာခဲမယ် ပြင်ဆင်ထားပါ"

"ဟုတ်ပြီ မစ္စတာဂျွန်"

ဖုန်းလည်းဆက်ပြီးတာကြောင့် အခုဆေးရုံကိုသွားဖို့သာလိုတော့သည်။

Sugar Baby[Completed]Where stories live. Discover now