ဒါရိုက်တာကသူမကိုမြင်လိုက်တဲ့အခါမှာ သူ၏မျက်လုံးထဲတွင်အထင်မြင်သေးသောအရိပ်ယောင်များက ထင်ရှားနေသည် ။

သူ့မရဲ့ဆိုးရွားတဲ့သရုပ်ဆောင်စကေးတွေအပေါ်မှာသူအရမ်းကြီးမှတ်ချက်မပေးချင်ပေမဲ့လည်း သူမကအခုတော့ တကယ်ပဲတခြားသူတွေကိုထိခိုက်စေချင်နေသည် ။

သူက ရုပ်ရှင်ဘုရင်ဟောက်ရဲ့မျက်နှာကြောင့်သာမဟုတ်ရင် သူမကိုရုပ်ရှင်အဖွဲ့ထဲမှကန်ထုတ်ပစ်တာ ကြာပြီပဲဖြစ်သည် ။

သူမက သရုပ်ဆောင်စွမ်းရည်လုံးဝမရှိသော လူသစ်တစ်ယောက်သာဖြစ်သည် ။ သို့သော်လည်းသူမ၏သရုပ်ဆောင်စွမ်းရည်ကိုနှိမ့်ချစွာသင်ယူခြင်းနှင့်တိုးတက်အောင်လုပ်မည့်အစား သူမက တခြားသူများကို နေ့စဉ်လက်ဆောင်များပေးပြီး လာဘ်ထိုးဖို့ကိုသာတွေးနေခဲ့သည် ။

တကယ်တော့ သူမက ကမ္ဘာကြီးရဲ့သေးသိမ်တဲ့အမြင်တွေနဲ့အတူ မသိနားမလည်တဲ့လူမိုက်တစ်ယောက်သာသာပင် ။

ကျော်ကြားမှု့အတွက်ဘယ်တော့မှ မလိမ်တာမရှိတဲ့  သူမလိုပဲ မိုက်မဲတဲ့လူတွေဒီအနုပညာလောကထဲမှာအများကြီးပဲရှိသည် ။ ရုပ်ရှင်ဘုရင်ဟောက်က သူမဆီကဘာကိုမြင်ခဲ့တာလဲဆိုတာ သူတကယ်စဉ်းစားလို့မရခဲ့ဘူး ။

ရုပ်ရှင်အဖွဲ့သားတွေရဲ့ သဘောထားကိုမြင်လိုက်တဲ့အခါ လင်းရှန့်က သူတို့ကို စိတ်ထဲကကြိတ်လှောင်ရယ်လိုက်သည် ။ အရင်က သူမသူတို့ကိုကျွေးခဲ့ဖူးတဲ့ bubble tea ၊ အဖျော်ယမကာ နှင့် သစ်သီးဝလံများအားလုံးကို ခွေးတွေကိုသာကျွေးပစ်လိုက်သည် ။

အနုပညာလောကဟာ လူတွေရဲ့ကျော်ကြားမှု့နဲ့အကျိုးအမြတ်တွေအတွက်ယှဉ်ပြိုင်နေကြတဲ့ စိန်ခေါ်ပွဲတစ်ခုပင်ဖြစ်သည် ။ အထက်လူကြီးရဲ့ဖိနပ်ကိုလျှာနဲ့လျက်ပြီးဖားယားတာမျိုးနဲ့ မအောင်မြင်တဲ့လူကိုနှိမ်ချတာမျိုးက ဒီလောကမှာပုံမှန်ပဲဖြစ်သည်။အချိန်တန်ရင် တစ်ယောက်ယောက်ကတော့ ထိုအတိုင်းကျင့်သုံးမှာပဲဖြစ်လေသည်။

သို့သော်လည်း သူမသည် အနုပညာလောကထဲသို့ဝင်ရောက်လာစဉ်ကတည်းက အကူအညီရရှိခဲ့ပြီး ထိုကဲ့သို့သောအရာများကို ကြုံဖူးခြင်းမရှိပေ ။

ဝိဉာဉ်ကူးပြောင်းပြီးတဲ့နောက်မှာ အမျိုးသားဇာတ်လိုက်ရဲ့ အန်ကယ်နဲ့ ငါလက်ထပ်ခဲ့တယ်Where stories live. Discover now