အမှန်တော့ ကမ္ဘာနက်သူ့အနားရောက်လာတည်းက အားပြင်းတဲ့ pheromone တွေသက်ရောက်တာသူခံစားနေမိပြီးသား ။ ဒါပေမယ့်လဲ ဒါမျိုးကပုံမှန်လို့ပဲထင်ခဲ့မိတာ ။ အရင်တည်းက ဘယ် alpha နဲ့မှရင်းရင်းနီးနီးမနေဖူးတဲ့အိပ်မက်ဝိုင်ကကျင့်သားမရစွာ သူ့ pheromone တွေကိုဖီဆန်ရင်းအသက်ခဏအောင့်လိုက်ပေမယ့် အချိန်တစ်ခုကြာတဲ့အထိကို အနံ့တွေကပျောက်မသွားဘဲပိုတောင်ပြင်းထန်လာခဲ့တယ်လေ ။

ကမ္ဘာနက်ရဲ့ alpha pheromone တွေက တစ်ဖက်လူကိုဖိနှိပ်တဲ့ပုံစံမျိုးထုတ်လွှတ်ထားတာမဟုတ်ဘဲ ဒီတိုင်း သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အနံ့ကို တစ်ခြားသူပေါ်လွန်လွန်ကဲကဲကြွားဝါချင်တဲ့သဘောမျိုးနဲ့သာ ဖြန့်ကျက်ထားတဲ့ပုံမျိုး ။ ဒီတော့မှ တစ်ဖက်လူက အိပ်မက်ဝိုင်ကို သက်သက်စနောက်နေတာမှန်းရိပ်မိတဲ့အဖြစ် ။

အိပ်မက်ဝိုင်စိတ်ဆိုးစွာနဲ့မျက်နှာလွှဲပစ်လိုက်တော့ သူ့ခေါင်းကိုကလေးတစ်ယောက်လိုခပ်ဖွဖွပုတ်ရင်းပြန်ချော့လာတဲ့ကမ္ဘာနက်ရယ်ပါ ။

"မင်းကရော ဘာနံ့လဲ?"

"..........."

"ဟေ့.. မေးနေတယ်လေ"

အိပ်မက်ဝိုင်စိတ်ဆိုးမပြေစွာနဲ့ သူပြောသမျှလျစ်လျူရှုထားလိုက်တယ် ။ မနေ့တစ်နေ့ကမှခင်တဲ့သူငယ်ချင်းကိုအဲ့လို alpha pheromone တွေနဲ့စစရာလား ။ မိန်းကလေးတွေလိုအဖြစ်သည်းတယ်ဖြစ်နေမှာလဲစိုးတာကြောင့် အိပ်မက်ဝိုင်မျက်ခုံးတွေတွန့်ချိုးပြီး ပေစောင်းစောင်းကြည့်ပေးလိုက်တယ် ။

"ငါမှန်းရမလား .. အင်း.. အိပ်မက်ဝိုင်ဆိုတော့ .. ဝိုင်နီ pheromone များလား"

"မင်းသိပြီးသားမလား"

"ဟားဟား"

သူရိပ်မိစွာစကားပြန်ထောက်လိုက်တော့ အသံနက်ကြီးနဲ့သဘောတကျထပ်ရယ်ပြန်တယ် ။ ဘာလဲ ။ ဒီကောင် သူ့ကို သူငယ်နှပ်စားလိုမျိုးလာသဘောထားပြီးလှောင်နေတာလား ။

ကျစ် ။ အဲ့လိုရယ်နေတာတောင်အမြင်ကပ်ဖို့ကောင်းလိုက်အောင်ချောနေတဲ့မျက်နှာကြီးကိုခြောက်ချက်လောက်ကုတ်ဆွဲပစ်ချင်လိုက်တာ ။

XL (Completed)Where stories live. Discover now