Episode - 22

16.9K 913 12
                                    

ထွဋ် လွန်းကို suprise ဖို့ပြင်ဆင်နေတာမို့ ဒီနေ့တော့ လွန်းနဲ့သားကို သွားမကြိုဖြစ်လိုက်။ ဒါဟာ သူ့ရဲ့မဟာအမှားဖြစ်သွားခဲ့ရသည်။

လွန်းကိုစောင့်နေတာ ရုံးတက်ချိန်တောင် ​ကျော်နေပြီဖြစ်သည်။ ရုံးခန်းထဲမှာထိုင်နေရင်း စိတ်ထဲလဲ ခဲဆွဲထားရသလို လေးလံလွန်းနေလှပြီ။

လွန်းကို ဖုန်းဆက်ကြည့်လိုက်မှ ပို၍ကမ္ဘာပျက်သွားသလိုခံစားလိုက်ရသည်။

တူ တူ တူ

" ဟာကွာ! လွန်း ဘာတွေဖြစ်နေတာလဲကွာ ဖုန်းလေးတော့ ကိုင်ပေးပါလွန်းရယ် "

တစ်ယောက်ထဲ ရေရွတ်နေစဥ် လွန်းဖုန်းဆီမှ ဖြေသံကြားလိုက်ရသည်။

" Hello "

" Hello လွန်း လွန်းဘယ်မှာလဲ "

" ကျွန်..ကျွန်တော်က ကား..ကားသမားပါ..ဒီ..ဒီဖုန်းပိုင်ရှင်ကို လူ..လူတစ်ချို့ ဖမ်းခေါ်သွားကြတယ်."

" ဘယ်လို..အခုဘယ်မှာလဲ "

" ****** နေရာမှာပါ."

" ကောင်းပြီ ကျွန်တော်အခုလာခဲ့မယ် "

ဖုန်းချလိုက်ပြီး ဇွဲမာန်နဲ့ Ren ကို ဖုန်းခေါ်ကာ ဂိုဏ်းကလူတွေနဲ့ ကားသမားရှိတဲ့ဆီကို လွှတ်လိုက်ပြီး လွန်းဖုန်းကို သွားယူခိုင်းလိုက်၏။

သူကတော့ ရုံးခန်းထဲမှာစောင့်ရင်း laptop ကိုအလုပ်ပေးနေမိသည်။

" တောက်စ်!!! ငါကွာ! ငါအသုံးမကျလို့ မောင်တောင်းပန်ပါတယ်လွန်းရယ် မောင့်ကိုခဏပဲစောင့်ပေးပါ "

ထိုအချိန် ဇွဲမာန်နှင့် Ren ပြန်ရောက်လာကာ...

" ခေါင်းဆောင် အစ်ကိုလွန်းရဲ့ ဖုန်းက ဒီမှာပါ "(ဇွဲမာန်)

" ခေါင်းဆောင် ဒီပြသနာက ဦးစစ်နောင်များလား " (Ren)

" Ren မင်းစကားကို ရှင်းအောင်ပြော "

" ဒီလိုပါ ခေါင်းဆောင် ဟိုတစ်နေ့က ဦးစစ်နောင်ကျွန်တော့်ဆီလာပြီး ဂိုဏ်းကလူတစ်ချို့လိုချင်တယ်ဆိုလို့ ကျွန်တော်ဖန်တီးပေးလိုက်ပါတယ် အဲ့ဒါဒီနေ့ကိစ္စအတွက်များလား "

" ဘာပြောတယ်! မင်းငါ့ကိုဘာလို့ ဒီကိစ္စမပြောတာလဲ Ren...တောက်စ်!! မင်းနဲ့ငါပြီးမှစာရင်းရှင်းမယ် ဟိုကောင်တွေဆီဆက်သွယ် အခုဘယ်မှာလဲ မေး လုပ်လေ အခုချက်ချင်း!!! "

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now