Episode - 18

18.7K 1K 15
                                    

တီ တီ တီ...

" လွန်းနဲ့ သားရေ မောင်ရောက်ပြီ။ "

ဒီနေ့ Family date ကြမည်ဖြစ်လို့ ထွဋ် လွန်းတို့သားအဖကိုလာခေါ်နေခြင်းဖြစ်သည်။

" ပါးပါးရေ Daddy ရောက်နေပြီ။
Daddy ခဏစောင့်ပေးဦးနော်၊ ပါးပါးက ရေချိုးနေတာ မပြီးသေးဘူးထင်တယ်။ "

ထွဋ်အသံကြောင့် မဟာလေးက အခန်းထဲကနေ ပြေးထွက်လာပြီး ထွဋ်ပေါ်ပြေးတက်ကာ သူ့ကိုပွေ့ချီခိုင်းပြီး စကားဆိုလာသည်။

" ဟုတ်ပါပြီဗျာ။ Daddy သားလေးက လှနေပါလား။ "

" Daddy နော်၊ သားသားက လှတာ မဟုတ်ပါဘူး။ ချောတာဗျ ဟွန့်! "

" ဟား ဟား ဟား ဟုတ်ပါပြီဗျာ။ ချောတာ ချောတာ။ "

သူ့ကိုလှတယ်ပြောလို့ မျက်စောင်းလေးက ၀င့်ခနဲ။ ၀တ်ထားတာလေးက ဂျင်းကြိုးသိုင်းအင်္ကျီလေးကို အောက်က အင်္ကျီအနီရောင်နဲ့တွဲ၀တ်ထားသည်။
လွန်းနဲ့တူတဲ့ အသားအရည်ကြောင့် ၀တ်ထားတဲ့၀တ်စုံလေးကပါ ထင်းခနဲ။

" မောင်ရောက်နေတာကြာပြီလား။ လွန်းရေချိုးတာ နည်းနည်းကြာသွားတယ်။ "

အသံကြားလို့မော့ကြည့်လိုက်တော့ ရေချိုးခန်းထဲက ထွက်လာကာ ခါးမှာ ရေ၀တ်ပုဆိုးတစ်ထည်သာရှိသည်။ တဘက်တစ်ထည်နဲ့ခေါင်းသုတ်နေပြီး အပေါ်ပိုင်းဗလာဖြစ်နေတဲ့ လွန်းကိုကြည့်ရင်း စိတ်တွေမရိုးမရွ ဖြစ်လာရသည်။

" အာ..အဟမ်း!! မကြာသေးပါဘူး။ လွန်းအ၀တ်သွားလဲတော့လေ။ မောင်တို့နောက်ကျနေမယ်။ "

" ဟင်!! အာ ဟုတ်..ဟုတ်။ "

မောင်ပြောမှသတိထားမိပါရဲ့။ ရေချိုးခန်းထဲက ထွက်လာလာခြင်း မောင်နဲ့သားစကားပြောနေသံကြားတာကြောင့် တွေချင်ဇောနဲ့ပြေးထွက်လာတာ အင်္ကျီပင်ပါမလာခဲ့။

ထွဋ်ပြောလိုက်မှ ကိုယ့်ကိုကိုယ်ပြန်ငုံကြည့်ပြီး နားရွက်တွေ၊ လည်ပင်းတွေသာမက အပေါ်ပိုင်းတစ်ခုလုံးနီရဲကာ ထွက်ပြေးသွားတဲ့ကောင်လေးကို ကြည့်လိုက်ပြီး ထွဋ်ရယ်လိုက်မိတော့သည်။

ထွဋ်လဲ လွန်းကိုစောင့်ရင်း သားလေးနဲ့ဆော့နှင့်နေလိုက်သည်။ ခဏကြာတော့..

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now