Episode - 13❕

28.6K 1.2K 18
                                    

Warning⚠️
.
.
.
.
.

Ring...Ring...Ring...

📱ဟယ်...📱

📲ဟယ်လို အစ်ကို ကျွန်တော်ပါ 📲

📱ဘယ်က ကျွန်တော်လဲ📱

📲ဟာ..အစ်ကိုကလဲ ကျွန်တော် ဇွဲမာန်ပါ📲

📱သြော်..ပြောပါ ဘာကိစ္စရှိလို့လဲ📱

ဟင့်! ဇွဲမာန်မှာတော့ သူ့ဆီဖုန်းဆက်မရလို့ နံပါတ်အသစ်နဲ့တောင် ဆက်ရတာ သူကအေးတိအေးစက်နဲ့။

📲သြော်၊ ဒီလိုပါ မနက်ဖြန် ကျွန်တော့်မွေးနေ့လေ အဲ့တာ အစ်ကို့ကို တစ်ခုခုလိုက်ကျွေးချင်လို့ ရမလားဟင်📲

ဇွဲမာန် လေသံဖျော့ဖျော့လေးနဲ့ မေးလိုက်တော့ တစ်ဖက်က အသံတိတ်သွားပြီး ခဏကြာတော့မှ

📱ရပါတယ် ကိုယ်ဘယ်ကိုလာခဲ့ရမလဲ📱

📲 ကျွန်တော်ပဲ လာခေါ်ပါ့မယ် ဒါဆို မနက်ဖြန်မှ တွေ့မယ်နော်အစ်ကို ဒါပဲနော်📲

ဇွဲမာန်ပြောချင်ရာပြောပြီး ဖုန်းချပြစ်လိုက်သည်။ မဟုတ်လျှင် ထိုလူသားလေးက ငြင်းနေဦးမှာ။ ထို အဖြူကောင်လေး သူ့ကိုရှောင်နေတာ တစ်ပတ်တောင်ရှိရော့မည်။ လွန်ခဲ့တဲ့တစ်ပတ်တုန်းထဲက ဆေးခန်းသွားတွေ့လဲ မရှိတဲ့လူနာကိုအကြောင်းပြပြီး အတွေ့မခံ၊ အိမ်သွားရှာတော့လဲ မအားဘူးဆိုပြီး အတွေ့မခံပြန်၊ အကြောင်းအမျိုးမျိုးပြပြီးသွားတွေ့လဲ နောက်ဆုံးရလဒ်က မတွေ့ဘဲပြန်လာခဲ့ရတာတွေပဲ။ ကိုယ့်မှာ သူ့ကိုတွေ့ချင်လွန်းလို့ Ren ကိုတောင် အချိန်သိပ်မပေးနိုင်ဘူး။ တော်သေးတာပေါ့၊ Ren က မြန်မာနိုင်ငံနဲ့ သိပ်အနေမဝေးလို့။ မနက်ဖြန်တော့ တွေ့ပြီး တစ်ခါတည်းအဖြေတောင်းပြစ်မည်။ မပေးလို့ကတော့ ဆေးခပ်ပြီး အပိုင်းသိမ်းပြစ်မယ်။

သွန်းခ လွန်းတို့အိမ်မှာ ရောက်နေတုန်း ဖုန်း၀င်လာလို့ကြည့်လိုက်တော့ နံပါတ်အစိမ်းကြီးဖြစ်နေတာနဲ့ ကိုင်လိုင်သည်။ အသံကြားမှ ဇွဲမာန်ဖြစ်နေမှန်း သိရသည်။ ဟင်း! သွန်းခ သူ့ကိုအတွေ့မခံတာ လွန်းတို့နဲ့ စားသောက်ဆိုင်မှာ တွေ့ခဲ့ကတည်းကဆို တစ်ပတ်တောင် ရှိနေပြီပဲ။ ဘာပဲဖြစ်ဖြစ် သူနဲ့ကိုယ်က ဘာမှမှမဆိုင်ပဲ။ ကိုယ်ကသာ တစ်ဖက်ထဲခံစားနေရတာ။ မွေးနေ့ဆိုတော့လဲ လိုက်သွားတာပေါ့။ ကိုယ့်ခံစားချက်ကို နောက်ဆုံးအနေနဲ့ ဖြတ်လိုက်တာပေါ့။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Место, где живут истории. Откройте их для себя