မင်းမသိသေးတဲ့ကမ္ဘာသစ်ဆီမှာ

Start from the beginning
                                    

"ဟုတ်တာပေါ့ ခင်ဗျား လိုလူအတွက်ကတော့
ပျင်းစရာပေမယ့် ကျွန်တော်တို့ကတော့အဲ့ဒီလူကို ဖမ်းမိအောင် နှစ်နှစ် လောက်အချိန်ယူခဲ့ရတာ "

"မင်းတို့ ယူအက်စ်က အေဂျင်စီက လူတွေက အရည်အချင်းမှ မပြည့်ကြတာ
မင်း ရဲ့ဘော့စ် ပင်ကာတန်လည်း အဲ့ဒါကြောင့် ငါ့ကိုမှ မျက်စိကျတာနေမှာပဲ "

ပိုနီတေးနဲ့လူက အမြင်ကပ်စဖွယ် မေးငေါ့ ပြတယ်
သူ့ဘေးနားက လန်ဒန်က နာမည်ကျော်စုံထောက် ရှားလော့ဟုမ်းသာမဟုတ်ခဲ့ရင် ဘီလီရဲ့ သည်းခံမှုအတိုင်းအတာဟာ ဒီနေရာမှာတင် ကုန်ဆုံးပြီဖြစ်၏။

"ဒါနဲ့တစ်ခုမေးလို့ရမလား အခု ကွင်းဆက်လူသတ်သမားက ဆရာဝန်လို့ ခင်ဗျား ဘာလို့သိတာလဲ "

ရှားလော့ဟာ သူ့
ပါးစပ်ကသောက်လက်စ စီးကရက် အားမြေပြင်ပေါ်သိုချကာ ဘွတ်ဖိနပ်ဖြင့်နင်းချေလိုက်ရင်း

"အမှန်တိုင်းဆိုငါလည်း သူ့ကိုလိုက်ဖို့အချိန်ယူခဲ့ရတယ်
ဒီလူက ကလေးတစ်ယောက် ကိုသတ်တာနဲ့စတာမင်းလည်းသိတယ်ဟုတ် ဒါပေမယ့် ကြိုးဆွဲချသတ်သေ မှုအနေနဲ့ပဲ လူတိုင်းက သိကြတယ်ဟုတ်"

"အင်း"
ဘီလီက ဘယ်လောက်ပဲ ရှားလော့ဟုမ်းကို အမြင်မကြည်ပါစေ တစ်ချိန်ထဲမှာလည်း အင်မတန်လေးစားမိတဲ့ စီနီယာတစ်ယောက်ပေမို့ သူ အားကျအတုယူမိရတယ်

"အဲ့ဒီလို အမည်မသိသတ်သေမှုတွေ မတော်တဆမှုတွေကနေပြီး ငါကောက်ချက်ချတော့ တစ်ခု သွားတွေ့တယ်
ပထမအချက် သတ်သေမှုတွေရဲ့ နောက်ကွယ်မှာ ဆေးဝါးအသုံးပြုမှုကိုတွေ့ရတယ်
မင်းသိပါတယ် ဆေးမိနေတဲ့လူက အခြားလူတစ်ယောက်ဆီမှာထိန်းချုပ်ခံရလွယ်တယ်ဆိုတာ
အဲ့ဒါကိုသုံးသပ်ရင် ဒီလူက ဆေးဘက်ဆိုင်ရာမှာ တော်တော်နှံ့စပ်တဲ့သူဆိုတာသိနိုင်တယ်"

"အင်း"

ဒုတိယအချက် သူသတ်သမျှ လူတွေမှန်သမျှက သူ့ဆေးခန်းမှာ လူနာဖြစ်ခဲ့ဖူးတယ်
ဒါဆိုရင် ဒီလူက ဆရာဝန်ဆိုတာသေချာသွားပြီ Bingo ပေါ့ ငါ့လူရာ ဟားဟား"

ကျယ်လောင်တဲ့ရယ်သံကြောင့် ပတ်ဝန်းကျင်က လူတွေက သူတို့နှစ်ဦး ကို အာရုံရောက်လာကြတယ်
အဲ့ဒီထဲကမှ အချို့က ရှားလော့ရဲ့ အမူအရာကိုမနှစ်သက်သလို အချို့ကတော့ ဘီလီကိုကြည့်ရင်း တီးတိုးပြောသွားကြသည်မှာ

ရာဇဝတ်အရှင်Where stories live. Discover now