"......"

ပထမဆုံးအကြိမ် စီနီယာကစကားအများကြီးပြောတာကို ကြားလိုက်ရတော့ ရှန်ပေါ်ဟန်က မင်သက်သွားသည်။

တစ်ဖက်လူရဲ့အသံတိတ်သွားတဲ့အထိ သူဖုန်းမျက်နှာပြင်ကိုမကြည့်ခဲ့ပေ။ ဒါတွေကိုယန်ကျင်ရွှင်ပြောလိုက်တယ်ဆိုတာ သူမယုံကြည်နိုင်ပေ။

ယန်ကျင်ရွှင်က အရမ်းသိမ်မွေ့ကာယဉ်ကျေးသည်။ သူကတစ်ခါမှ ညစ်ပတ်တဲ့စကားလုံးတွေမသုံးဖူးပေ။ တစ်ကိုယ်ကောင်းဆန်တာနဲ့ စက်ဆုပ်ဖွယ်ကောင်းတယ်ဆိုတဲ့စကားလုံးက သူ့အကန့်အသတ်ပင်။

...တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖို့ကောင်းတယ်?

သူက သူ့ကိုအဲ့လိုတွေးတယ်ပေါ့?

ရိုးရိုးသားသားပြောရရင် အဲ့ဒါတွေက ကောင်းတဲ့စကားလုံးတွေမဟုတ်ပေမယ့်လည်း အခြားရင့်သီးတဲ့စကားလုံးတွေနဲ့ယှဉ်လိုက်ရင် ရှန်ပေါ်ဟန်အတွက် မနာကျင်စေနိုင်ပေ။

တကယ်တော့ သူ့နှလုံးသားထဲမှာ စူးဝင်နေတဲ့အရာက ယန်ကျင်ရွှင်ရဲ့အားနည်းပြီး နာခံတတ်တဲ့စရိုက်ပင် သူကဒီလိုအားကောင်းတဲ့လေသံ နဲ့ သူ့အရှေ့မှာတစ်ခါမှမပြောခဲ့ဖူးဘူး။

ဒါပေမယ့် အခု အမြဲသူ့ကိုအလိုလိုက်မျက်နှာသာပေးတဲ့စီနီယာက...တကယ်ကြီး သူ့အတိတ်ကအပြုအမူတွေကို အသေးစိတ်ပြန်ပြောလာပြီပေါ့။

ဝမ်းနည်းစရာအကောင်းဆုံးကတော့ ယန်ကျင်ရွှင်ပြောခဲ့သမျှက အားလုံးအမှန်တွေပင်။

"...ငါပြောတာနားထောင်ပါဦး အဲ့လိုမဟုတ်ပါဘူး" ရှန်ပေါ်ဟန်က ရှင်းပြဖို့ကြိုးစားလိုက်သည်။

တကယ်တော့ သူမှားခဲ့မှန်းသူလည်းသိသည်...အကြိမ်တိုင်းမှာ သူကသူ့ကိုယ်သူအပြစ်တင်ဝေဖန်ပေမယ့် ဝန်ခံဖို့တော့ဆန္ဒမရှိပေ။

စီနီယာကသူ့ကိုအမြဲသည်းခံပေးလိမ့်မယ်လို့ သူထင်တာကြောင့်ပင်။ တကယ်လို့သူက အနည်းငယ်ပိုပြီးတော့ ဇွတ်တရွတ်လုပ်ရင်တောင် ယန်ကျင်ရွှင်က သူ့အပြုအမူတွေကို ခွင့်လွှတ်ပေးလိမ့်မည်။

ယန်ကျင်ရွှင်က သူ့ကိုအဲ့လောက်ထိချစ်ခဲ့တာလေ...

ဒါပေမယ့် တစ်ဖက်လူက ဘာလို့သူလုပ်ခဲ့တဲ့ဆိုးသွမ်းတဲ့အရာတွေကို တကယ်မှတ်မိနေရသေးတာလဲ?

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now