"ယန်ကျင်ရွှင်!"

ရှန်ပေါ်ဟန်ရဲ့လေသံက ရုတ်တရက်တိုးလျသွားကာ အခုချက်ချင်းအင်တာနက်ကနေ ဖြတ်လာပြီး သူ့ကိုဆွဲခေါ်သွားချင်သလိုမျိုး သူ့အသံထဲမှာ သတိပေးမှုခပ်ရေးရေးပါဝင်နေသည်။

ဒါပေမယ့် တစ်ခဏကြာပြီးနောက် သူ့အသံကတစ်ဖန်နူးညံ့သွားကာ :" လျှောက်နောက်မနေနဲ့တော့။ ကျွန်တော့်ကိုအရူးမလုပ်ပါနဲ့တော့ ကျွန်တော်မှားမှန်းသိပါပြီနော် ဟုတ်ပြီလား? စီနီယာ..."

ကျင်ရွှင် : "......"

တွေ့လား ဆန်ကုန်မြေလေးgongကို သူဘာမှရှင်းရှင်းလင်းလင်းရှင်းပြလို့မရနိုင်မှန်း သူသိသားပဲ။

တစ်ခဏကြာတိတ်ဆိတ်ပြီးနောက် ကျင်ရွှင်က အသက်ပြင်းပြင်းရှူကာ ဖုန်းကိုတင်းကျပ်နေအောင်ကိုင်ပြီး ပြောလိုက်သည် : " ငါ့မှာတကယ်ပဲကောင်လေးရှိနေပြီ"

" ဟိုနေ့က ရူးနှမ်းနေတဲ့အရပ်ရှည်ရှည်စီနီယာလား?" ရှန်ပေါ်ဟန်ရဲ့လေသံက ပိုပြီးတော့တောင်အထင်သေးမှုတစ်စွန်းတစ်စပါဝင်လာကာ ဆက်ပြောသည်: " မင်းမှာတကယ်ပဲကောင်လေးရှိနေတယ်ဆိုရင်တောင် ငါ့မှာယုံကြည်ချက်ရှိတယ် စီနီယာ...မင်းက ငါ့အတွက်ပဲဖြစ်ရမယ်"

"ရှန်ပေါ်ဟန်" ကျင်ရွှင်က တစ်ဖက်လူရဲ့နာမည်ကို ဖုန်းကနေခေါ်လိုက်သည်။

ဆန်ကုန်မြေလေးgongရဲ့သဘောထားက သူ့စိတ်ရှည်မှုရဲ့အဆုံးသတ်ကိုရောက်လာစေသည်။ ရှဲန်းရှန်ကို ဒီအကြောင်းမသိစေချင်တာကြောင့်သာမဟုတ်ရင် သူ့ကိုတစ်ခုခုလုပ်လာမှာကို စိုးရိမ်နေတာကြောင့်သာမဟုတ်ရင် သူအရာအားလုံးကိုအစောကတည်းက ဖွင့်ချပြလိုက်ပြီးပြီ။

အခြားသူတွေကို ပြဿနာပေးရတာအမုန်းဆုံးဖြစ်တဲ့ကျင်ရွှင်က လေးနက်စွာဖြင့်ပြောလိုက်သည် : "မင်းကအရမ်းရဲတင်းနေတာပဲ"

"?" သူ့နှလုံးသားထဲမှာ ဆိုးရွားတဲ့စိတ်ထင့်ခြင်းကို ခံစားလာရတာကြောင့်ထင်သည် ရှန်ပေါ်ဟန်က မနေနိုင်တော့ဘဲ သူ့ကိုအော်ခေါ်လာသည် : "စီနီယာ..."

ဒါပေမယ့် ကျင်ရွှင်က နောက်တစ်ကြိမ်အသက်ပြင်းပြင်းရှူကာ မနားတမ်းပြောလိုက်သည် : "မင်းရဲ့သူငယ်ချင်းတွေက ငါ့ကိုအရင်အနိုင်ကျင့်ခဲ့တာမဟုတ်ဘူးလား? အဲ့အချိန် မင်းဘယ်ရောက်နေလဲ? နောက်ပိုင်းမင်းကအင်တာနက်ပေါ်မှာ ငါ့ကိုတောင်အပြစ်လွှဲချခဲ့သေးတယ် အဲ့အချိန်မင်းဘာတွေတွေးနေတာလဲ? မင်းဆီကိုပြန်လာဖို့ငါ့ကိုတောင်းဆိုတယ်? ပြီးတော့ရော သူ့တို့ငါ့ကိုလှောင်ပြောင်တာကို ဆက်လုပ်ခိုင်းမလို့လား? ရှန်ပေါ်ဟန် ငါမင်းအပေါ်မှာ ဘာတစ်ခုမှအမှားမလုပ်ခဲ့တာကို ဘာလို့ငါ့ကိုဒီလိုဆက်ဆံပြီး လက်မလွှတ်ပေးနိုင်ရတာလဲ? ဘာလို့မင်းကဒီလောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖို့ကောင်းနေရတာလဲ?"

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now