အတိတ်ဘဝတုန်းက ဟော်ရူယန်က သူမရဲ့ အချစ်စစ်ကြီး ဟွမ်ပေ့ချန်အတွက်နဲ့ သူ့အပေါ် သစ္စာဖောက်သွားခဲ့တယ်။ အဲ့အချိန်ကစပြီး သူတို့နှစ်ယောက်ကြားမှ ပြန်လည်သင့်မြတ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး..!

သူတို့က ရန်ဘက်တွေပဲ..!

“ခင်ဗျားနဲ့ သူနဲ့ ဘာမှမပတ်သက်တော့ဘူးဆိုတာ ကျွန်တော် သိထားပြီးသားပါ..”

ရွှယ်ယို့ရှန်းက ခေါင်းညိတ်ပြရင်း သူနားလည်ကြောင်း ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မျက်လုံးလှိမ့်လိုက်တယ်။ ဒီလိုနည်းလမ်းနဲ့ ‘ရင်းဆုယဲ့ရဲ့ ဆန့်ကျင်ဘက်ပြောတတ်တဲ့ အကျင့်’ကို သိနေပြီးသားလို့ ဖော်ပြလိုက်တယ်။

တစ်ချိန်လုံး မျက်နှာသေကြီး လုပ်ပြထားရုံနဲ့ ဘာမှမဆိုင်သလို နေလို့ရပြီလို့ ရင်းဆုယဲ့က တကယ်ကြီး ထင်နေတာလား..?

သူ့ရဲ့ ပညာရှင်ဆန်တဲ့ အမြင်အရဆိုရင် ဟော်ရူယန်ကို ရင်းဆုယဲ့ စိတ်ပူနေမှာ သေချာပေါက်ပဲ။ ပြီးတော့လည်း တစ်ချိန်လုံး ထိန်းမနိုင်သိမ်းမရအောင် လှည့်ကြည့်နေသေးရဲ့..!

သိသာစွာပဲ၊ ရွှယ်ယို့ရှန်းနဲ့ ရင်းဆုယဲ့ရဲ့ အတွေးတွေက တစ်စိတ်တစ်ပိုင်းသာ တူညီခဲ့လေတယ်။ တချို့အရာတွေကတော့ လျှောက်တွေးနေရင်း အမှန်တရားနဲ့ မိုင်ပေါင်းထောင်ချီ ကွာဝေးသွားလေပြီ။

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို ထုတ်မပြောတော့ဘဲ ရေလိုက်ငါးလိုက် နေပေးလိုက်တယ်။ အရာအားလုံးကို သူ သိထားပြီးသားဆိုတာ့ ရှည်ရှည်ဝေးဝေး လိုက်ရှင်းပြနေစရာ မလိုတော့ဘူးလေ။

အဲ့တာကြောင့် ရင်းဆုယဲ့ကို ပြန်ပြောတဲ့အချိန် ‘သိပြီးသား’လို့ တမင်ထည့်ပြောလိုက်တာပေါ့။ အခုအချိန်မှာ ရင်းဆုယဲ့နဲ့ ဟော်ရူယန်က ဘာမှမပတ်သက်တော့ဘူး ဆိုပေမယ့် အတိတ်တုန်းကတော့ သူတို့နှစ်ယောက်ကြားမှာ ခွဲခွာလို့မရနိုင်တဲ့ လက်ထပ်ခါနီးဆက်ဆံရေးတစ်ခု ရှိခဲ့ဖူးတယ်။

ဟုတ်တယ်.. လက်ထပ်ဖို့ စေ့စပ်ထားခဲ့တာ။

ရင်းမိသားစုနဲ့ ဟော်မိသားစုက ဆက်ဆံရေးကောင်းမွန်တော့ သူတို့ရဲ့ ကလေးတွေကို စေ့စပ်ပေးထားခဲ့တယ်။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်သာ မပေါ်ပေါက်ခဲ့ဘူးဆိုရင် ဟော်ရူယန်က အနာဂတ်မှာ ရင်းဆုယဲ့ရဲ့ ဇနီးသည် ဖြစ်လာရလိမ့်မယ်။ ကံမကောင်းချင်တော့ အသက် ၈ နှစ်အရွယ်မှာ ရင်းဆုယဲ့ခမျာ နတ်ပြည့်ကနေ ငရဲပြည်ရောက်သွားသလိုမျိုး မတော်တဆ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရရှာတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now