[Part-16]

10.5K 978 44
                                    

မနက်စာထမင်းဝိုင်းမှာ သမီးရယ်၊ သူရယ်၊ TaeHeeရယ် ထိုင်နေကြသည်။

“မနေ့ကလို ထပ်လုပ်ရင် ငါထပ်ပြီး သည်းမခံဘူး TaeHee”

ကော်ဖီထည့်ပေးနေရာကနေ သူ(မ) က ခပ်ဖြေးဖြေးမော့ကြည့်လာသည်။ ပြုံးတယ်ဆိုရုံလောက်သာ ပြုံးပြပြီး..
“ငါ မနေ့က နည်းနည်းလေး စိုးရိမ်မိပြီး မှားသွားတယ် Jeon.. တောင်းပန်ပါတယ်”

Jeonစကား ကို အလိုက်သင့်ပြန်ဖြေမိပြီး Jeon မမြင်အောင် မဲ့ပြုံးပြုံးလိုက်သည်။

မကြာခင်မှာ နင့်ရဲ့ ဆိုးရွားလွန်းတဲ့ အနှောင့်အယှက်လေးက ပျက်စီးသွားတော့မှာလေ.. အဟင်း။

သူ(မ)စိတ်ထဲကနေသာ တွေးလိုက်ပြီး တကယ်တမ်းမှာတော့ Jeon သဘောအတိုင်း ခေါင်းညိတ်ရုံသာညိတ်နေမိတာဖြစ်၏။

“ဒါနဲ့ ဒီနေ့ သမီးလေးကို ကစားကွင်းအတူ လိုက်ပို့ပေးရအောင်လား Jeon.. သမီးက အပြင်မသွားရတာ ကြာပြီ ဆိုတော့”

“TaeHyung နဲ့ သွားတွေ့စရာရှိတယ်”

“Jeon”
လက်သီးကို တင်းတင်းဆုပ်ထားမိပေမယ့် ဘာမှ ပြန်မပြောမိဘူး..။

Jeon စိတ်ကွက်သွားမှာကို စိုးရိမ်နေရတဲ့ သူ(မ) ဘဝကလည်း ပူလောင်ခြင်း တစ်မျိုးပဲ။

JungKookက Rinaဘက်ကို လှည့်ကြည့်လိုက်သည်။

“ဒယ်ဒီ့ရဲ့ Princessလေးက နောက်နေ့မှ သွားလည်း ရတယ်မဟုတ်လား”

ခေါင်းကို ခပ်ဖွဖွပုတ်ပြီး သူပြောတော့ နွားနို့ကို ပေကျံနေအောင် သောက်နေရင်း မော့ကြည့်လာ၏။
“ဟုတ်ကဲ့.. ဒယ်ဒီ”

“လိမ္မာလိုက်တဲ့ ဒယ်ဒီရဲ့ သမီးလေး”

TaeHeeကို မျက်ခုံးပင့်ပြလိုက်ပြီး ထမင်းဝိုင်းကနေ ထထွက်လာတော့ လက်ကို လှမ်းဆွဲသည်။

“ငါ့ကိုတော့ ဒယ်ဒီ့ဆီ လိုက်ပို့ပေးပါ Jeon.. ဒယ်ဒီနဲ့ မတွေ့ရတာ ကြာလို့ပါ..”

“ကျစ်.. ပြီးရော၊ နင့်ဟာနင်သွားတွေ့နော်၊ ငါတော့ လိုက်မတွေ့ဘူး၊ အချိန်မရှိလို့”

“အင်းပါ.. အင်းပါ Jeon”

“ဒယ်ဒီ နဲ့ မာမီ Bye”
Rinaလေး ကိတ်မုန့်တွေကို ပေပွနေအောင် စားနေရင်း လက်လေးလှုပ်ကာ နှုတ်ဆက်သည်။

Cruel Summer (Complete)Where stories live. Discover now