ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)

Start from the beginning
                                    

ရွက်ဖျင်တဲထဲကို ဝင်လိုက်ချိန်မှာ ကိုယ်တစ်ပိုင်းအဝတ်ဗလာနဲ့ ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေတဲ့ လူငယ်လေးကိုတွေ့လိုက်ရတယ်။အသက်ရှူနေတာကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်အုပ်ကြောင့်သာမဟုတ်ရင် ဒီကောင်လေး သေဆုံးနေပြီလို့ မှတ်ယူလိုက်မိတော့မှာပါ....ဒီမြင်ကွင်းက ကျိုးရိကျယ်ရဲ့ နှလုံးသားကို တင်းကြပ်စေခဲ့တယ်။ဝတ်ဆင်ထားတဲ့ Jacket ကိုအမြန်ချွတ်လိုက်ပြီး လူငယ်လေးကို ဝတ်ပေးလိုက်တယ်။ပြီးတာနဲ့ ထိုလူငယ်လေးကို တင်းကြပ်စွာပွေ့ဖက်ထားပေးလိုက်တယ်။လူငယ်လေးရဲ့ပါးပြင်ပေါ်က နီရဲနေတဲ့လက်ဝါးရာကြီးကိုမြင်လိုက်ချိန်မှာ ကျိုးရိကျယ်ရဲ့နှလုံးသားတွေ ထပ်မံနာကျင်ရပြန်တယ်။လူငယ်လေးကို ရင်ခွင်ထဲထည့်ပြီး.....

"ကိုယ်ရောက်လာပြီ...မကြောက်နဲ့တော့......အကုန်အဆင်ပြေသွားပြီ...."

မျက်ရည်စတွေတွဲလဲခိုနေတဲ့ မျက်ဝန်းတစ်စုံနဲ့မော့ကြည့်လိုက်တယ်။ဒီအကြည့်တွေက...အလွန်တရာကြေကွဲနာကျင်နေတဲ့ အကြည့်တွေဖြစ်တယ်။

ကျိုးရိကျယ် ပင့်သက်ရှိုက်လိုက်တယ်...သူ့ရင်ခွင်ထဲမှာရှိတဲ့ လူငယ်လေးက အထိမခံနိုင်လောက်တော့တဲ့အထိ ကွဲအက်ကြေမွနေသလိုဖြစ်နေတယ်....ကျိုးရိကျယ်ရူးတော့မယ်....ဒီကောင်လေး ဒီလိုတွေဖြစ်အောင် သူကိုယ်တိုင် တွန်းပို့လိုက်မိလေခြင်း.....

ဘယ်တော့မှ သူ့ကိုယ်သူ  ခွင့်လွှတ်နိုင်မှာ မဟုတ်တော့ပေ.....

ခဏအကြာမှာ ကျိုးရိအန်ရောက်ချလာတယ်။ကျိုးရိကျယ်ပွေ့ဖက်ပေးတဲ့ရှဲ့ဟယ်ရဲ့နောက်ကျောပြင်လေးက လှုပ်ရှားမှုကင်းမဲ့နေပြီး အေးစက်ထုံထိုင်းနေတာကြောင့် ကျိုးရိအန် တုန်လှုပ်သွားရပြန်တယ်။

တုန်လှုပ်ခြောက်ခြားမှုကို လှောင်ပြောင်သရော်တဲ့စကားလုံးတွေနဲ့ ဖယ်ထုတ်ဖို့ကြိုးစားလိုက်တယ်...

"ဒီလိုနောင်တရမယ်ဆို ခင်ဗျား သူ့ကိုမပေး​လိုက်နဲ့ပေါ့...ခင်ဗျား ပိုင်သမျှကို လိုချင်တယ်လို့ထင်နေတာလား??ဟားးး ဟုတ်သားပဲ!!"

"​တော်လောက်ပြီ!!!"

ကျိုးရိကျယ် အသံခပ်နက်နက်နဲ့အော်ဟစ်လိုက်တယ်။တုန်ရီနေတဲ့ရှဲ့ဟယ်ကြောင့် နီမြန်းနေတဲ့ ကျိုးရိကျယ်ရဲ့ မျက်နှာပေါ်မှာ မှုန်မှိုင်းတဲ့အငွေ့အသက်တွေဖုံးလွှမ်းသွားပြန်တယ်။

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now