[Part-14]

11.2K 987 66
                                    

မျက်နှာနားအထိတိုးကပ်လာပြီး သူ့ရဲ့ပါးပြင်ပေါ်ကို ‌ပြေးလွှားနေတဲ့ JungKook ရဲ့လက်ချောင်းတွေ။

“ဝေးဝေးနေပေး.. ကျုပ်နဲ့”
တွန်းထုတ်လိုက်မိပြီး ကျောခိုင်းကာ ထွက်လာခဲ့လိုက်မိ၏။

လှည့်ထွက်သွား‌တာကြောင့် လက်ကို လှမ်းဆွဲမိသည်။ နရံနဲ့ ကပ်ချလိုက်တော့ အကြည့်စူးစူး နဲ့ မော့ကြည့်လာတဲ့ TaeHyung..

“တကယ် လွမ်းနေခဲ့တာ..၊ ငါမင်းကို ဘယ်တုန်းက လိမ်ခဲ့ဖူးလဲ”

သူ့စကားကို TaeHyungက ဟက်ဟက်ပက်ပက်ရယ်မောသည်။

“အင်း.. ခင်‌ဗျားရဲ့ ပြက်လုံးတချို့ကြောင့် အချိန်နည်းနည်းတော့ ရယ်ရခဲ့ပါတယ်၊ ကျေးဇူးပဲ”

သူ့ကို တွန်းထုတ်ပြီး ထွက်သွားတာ။

“ပြန်လာခဲ့ ငါ့ဆီ၊ မျက်နှာပြောင်တိုက်တာလား ဆိုတော့ ဟုတ်တယ်၊ အဲ့ဒီအတိုင်းပဲ”

ကျောပေးထားရင်းနဲ့..
“ကျုပ်က သူများလူကို ချစ်မိသွားတာ မှန်ပေမယ့် တရားဝင် မိန်းမရှိတဲ့လူကို အရူးလိုမျိုး စွဲလမ်းတဲ့အထိ မဖြစ်ဘူး JungKook.. ကိုယ့်လမ်းကိုယ်လျှောက်ရအောင်၊ မနှောင့်ယှက်နဲ့”

နှုတ်ခမ်းထောင့်က သွေးတွေကို လျှာနဲ့ သပ်လိုက်မိသည်။
“မင်းရဲ့ အခုလက်ရှိ Agency က အခြေနေ သိပ်မကောင်းတော့ဘူးဆို...Hmm..”

သူ့ဘက် ပြန်လှည့်လာတဲ့ TaeHyung.. နှုတ်ခမ်းတစ်ဖက်ကို ကွေးညွှန့်နေအောင် ပြုံးလိုက်မိသည်။

“ခင်ဗျား.. အဟား.. ကျုပ်အတွက် Agencyဆိုတာမရှားဘူး JungKook.. အချိန်မရွေး အဘွားရဲ့ Agencyကိုလည်း ဝင်လို့ရတယ်ဆိုတာ ခင်ဗျား သဘောပေါက်ထားလိုက်စမ်းပါ”

သူ့စကားကြောင့် ဒီတစ်ခါရယ်မောသည်က Jeon JungKook ပင်ဖြစ်သည်။

“TaeHyung.. မင်းအကြောင်း ငါ့လောက်ဘယ်သူက သိဦးမလဲ၊ မိသားစုနဲ့ပတ်သတ်ရင်အလုပ်မလုပ်ချင်လို့ မင်းအမြဲတမ်းရှောင်ရှားနေခဲ့တာလေ၊ LAပြန်ရောက်သွားတာတောင် မင်းအဘွား Agency ကိုမဝင်ဘဲ တခြားမှာ အလုပ်လုပ်ခဲ့တဲ့မင်းစိတ်က သက်သေပဲမဟုတ်လား”

“Jeon JungKook..”

သူက အော်ပစ်လိုက်ပေမယ့် Jeon JungKook က အပြုံးမပျက်။

Cruel Summer (Complete)Where stories live. Discover now