🍓❌Part 4❌🚬

Start from the beginning
                                    

Yoongiစကားကြောင့်Jimin Yoongiကိုကြည့်လိုက်မိသည် ပြန်တော့မဖြေမိ...

"မနက်ဖြန်ကျောင်းပိတ်တယ်မလား"

"ပိတ်တယ်လေ"

"မနက်ဖြန်ညနေကိုယ်မင်းကိုတစ်နေရာခေါ်သွားမယ်"

"အင်း ကျွန်တော်အိမ်ကိုပြောကြည့်မယ်"

ပြောကြည့်မယ် သေချာပေါက်လိမ်ရမှာပေါ့ ဟိုတခေါက်ခြံကျော်ပြီးကတည်းက Park Jiminတို့လိမ်ဖို့ကိစ္စကိုခေါင်းထဲထည့်မနေတော့ပေ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ရောက်နေတာကြာပြီလား"

"မကြာသေးပါဘူး အဆင်ပြေရဲ့လား"

"ပြေလို့ ခင်များရှေ့ရောက်နေတာပေါ့"

Jimin အိမ်ကို သူငယ်ချင်းနှင့်စာလုပ်ရမည် သူငယ်ချင်းအိမ်မှာပဲညအိပ်ဖြစ်မည်ဟူ၍လိမ်ခဲ့ရသည်..ဒါတောင်သိပ်မလွှတ်ချင် စာမေးပွဲနီးပြီဟုပြောထားလို့သာလွှတ်ပေးခြင်း...သူဒီနေ့ညတော့Yoongiနှင့်အချိန်ကုန်ချင်မိသည်

Yoongiခေါ်ရာနောက်သို့လိုက်လာရင်း အဆောက်အဦတစ်ခုရှေ့ရောက်တော့ကားရပ်သွားသည်...
Yoongiကကားပေါ်မှဆင်းတော့Jiminလည်းလိုက်ဆင်းလိုက်သည်....

ထိုအဆောက်အဦရဲ့လေးထပ်မြောက်အထိတက်သွားကြပြီး တိုက်ခန်းတစ်ခုဆီသို့ခေါ်လာသည်...

Yoongiမှတိုက်ခန်းတံခါးအားသော့ဖြင့်ဖွင့်လိုက်ပြီး Jiminလက်ကိုဆွဲကာထိုအခန်းထဲသို့ဝင်သည်...

"Yoongi ဒါဘယ်နေရာလဲ"

"ကိုယ့်ရဲ့Studioလေ"

"Studio?? ဒါခင်များရဲ့ကိုယ်ပိုင် Studio လား"

"အင်း ကိုယ်ဒီတိုက်ခန်းတစ်ခန်းကို‌ဝယ်ပြီးStudioအဖြစ်ဖန်တီးလိုက်တာ"

"........."

"ကိုယ့်အလုပ်တွေကအတည်တကျမရှိပေမဲ့ ဒီStudioကတော့ အမြဲအတည်တကျရှိတယ် ကိုယ့်ဝါသနာကိုအကောင်အထည်ဖော်ထားတဲ့နေရာလေးမို့လို့ပါ ကိုယ်ပျင်းရင်ဒီကိုခနခနလာဖြစ်တယ်လေ"

"ဒါဆို ခင်များက"

"အင်း ကိုယ်ကသီချင်းတွေဖန်တီးရတာဝါသနာပါတယ် ဘေဘီပြောတာကိုနားထောင်ပြီးဘေဘီ့ကိုဒီခေါ်လာပြဖို့ဆုံးဖြတ်လိုက်တာ"

🍓//𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒊𝒆𝒔 & 𝑪𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔//🚬 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now