~ အခန်း (၁၃) ~

267 70 2
                                    

ဝတ်ရုံနက်နှင့်လူများက ဓားများကိုဝင့်ကာ တိုက်ခိုက်လာကြသည်။ ကျုံးဇီဟန်၏ပတ်လည်တွင် ရစ်ဖွဲ့နေသော သိဒ္ဓိစွမ်းအင်များမှာ ဝုန်းခနဲ မြင့်တက်လာ၏။ သူ၏ဝတ်ရုံမှာလည်း လေထဲတွင် တစ်ဖျတ်ဖျတ်လွင့်လူးနေလျှက်။ မျက်ဆံအိမ်သည် သွေးရောင်ရဲရဲတောက်နေပြီး ကျုံးဇီဟန်၏ သိဒ္ဓိစွမ်းအင်များမှာမူ ဓားရှည်ကိုင်စွဲထားသော လက်ဖျားဆီသို့ တရှိန်ထိုး စီးဆင်းလို့လာသည်။ တိုက်ကွက်စတင်လိုက်ချိန်တွင် သူထုတ်လွှတ်လိုက်သော သိဒ္ဓိစွမ်းအင်အဟုန်မှာ တပ်သားထောင်ချီရှိသည့် စစ်တပ်ကြီးတစ်ခုလုံးကို ရှင်းပစ်နိုင်လောက်သည်အထိ စွမ်းအင်ကြီးမားသော ဓားစက်ဝန်းတစ်ခုအသွင်သို့ ပြောင်းလဲလို့သွားရ၏။
အဟုန်ပြင်းပြင်း ...
ရပ်တန့်၍ မရနိုင်တော့ ...

အလွန်ပြင်းထန်လှသော အင်အားတစ်စုံတစ်ရာက ဝတ်ရုံနက်လူတစ်စုကို တိုက်ထုတ်ပစ်လိုက်သကဲ့သို့ပင်။ မြေပြင်ထက်မှ အုပ်ခဲချပ်များ လွင့်ပျံထွက်လာပြီး စားပွဲ၊ ထိုင်ခုံနှင့် ပန်းကန်ခွက်ယောက်များမှာ ကျိုးပဲ့ကွဲကြေလျှက်။ ဧည့်ခန်းမဆောင်ရှိ သစ်သားရက်မတိုင်ကြီးများသည်ကား အက်ကွဲကြောင်းရာများထင်လာကာ အချိန်မရွေး ပြိုကျတော့မယောင်။

ကျုံးဇီရှောင်းသည် အလန့်တကြားဖြင့် တီးတိုးရေရွတ်မိလိုက်သည်။

"ဘုံ ၇ ဆင့် ..."

ကျုံးရွှမ်ဓားသိုင်း၏ သတ္တမမြောက်အဆင့်ကို ကျင့်ကြံနိုင်ကာစသာရှိသေးသော ကျုံးဇီဟန်မှာ ခွန်အားကို မထိန်းချုပ်နိုင်သေးပေ။ ဤတိုက်ကွက်သည် အမှန်တကယ်ပင် စွမ်းအားကြီးပါ၏။ သို့သော် သူ၏သိဒ္ဓိစွမ်းအင်ကို များစွာပို၍ ကုန်ခမ်းစေသည်ပင်။ ကျုံးဇီဟန်သည် ပါးစပ်ထဲမှ သွေးပွက်ပွက်အန်ထွက်လာကာ သူ၏ကိုယ်မှာလည်း ဒယိမ်းဒယိုင်ဖြစ်လာပြီး ဒူးထောက်ကျသွားတော့၏။

"နောင်တော် !!!"

ကျုံးဇီရှောင်းက ကျုံးဇီဟန်ကို တွဲထူပေးထားရင်း ကူကယ်ရာမဲ့နေသကဲ့သို့ အော်ဟစ်နေမိတော့သည်။

"ပြေးတော့ ... မြန်မြန် ..."

ကျုံးဇီဟန်သည် ကျုံးဇီရှောင်းကို တွန်းထုတ်လိုက်ရင်း

 မရဏတမန်တော် (ဘာသာပြန်)Where stories live. Discover now