သူက သူ့အတွက်သူခုခံပြောခဲ့တုန်းက ဒီလူတွေက ဆီလျော်မှုရှိတဲ့သံသယတွေကို ဆွဲထုတ်ပြောခဲ့ကြတယ်။ လူတိုင်းက ပြဿနာကိုဖြေရှင်းချင်တာကြောင့်ပင်။ အခုသူလည်းတောင်းပန်မှုတွေကို လက်ခံရနေပြီဆိုတော့ မခွင့်လွှတ်ပေးနိုင်စရာအကြောင်းမရှိပေ။

ဒီဂျူနီယာလေးရဲ့သဘောကောင်းမှုကို ခံစားရင်း စီနီယာတွေက ပိုလို့တောင်အရှက်ရလာသည်။ သူတို့အားလုံးက ကျင်ရွှင်ကို တောင်းပန်တဲ့အနေနဲ့ ညစာဖိတ်ကျွေးဖို့ ပွက်လောရိုက်အောင်ပြောဆိုနေကြသည်။

Labခန်းက တစ်ဖန်ပြန်လည်သက်ဝင်လာပြီး လူအချို့ကမအောင့်အည်းထားနိုင်တော့ဘဲ ကျင်ရွှင့်ကိုမေးလာကြသည်
“ ဂျူနီယာ မင်းဘယ်လိုစာအုပ်မျိုးတွေဖတ်တာလဲ? ဒီပရိုဂရမ်ကိုဘယ်ကရှာခဲ့တာလဲ မင်းကငါတို့တွေထက် ပိုပြီးတော့သိတယ်လို့ ငါဘာလို့ခံစားနေမိရတာလဲ……”

ကျင်ရွှင်က မဖုံးကွယ်ဘဲ မကြာသေးမီက သူဖတ်ခဲ့တဲ့မှီငြမ်းစာအုပ်များစွာရဲ့ ခေါင်းစဉ်တွေကို စီနီယာတွေနဲ့ မျှဝေလိုက်သည်။

ဒီအချိန်မှသာလျှင် ရှန်ရိကျင်းရဲ့စာကြည့်ခန်းထဲကစာအုပ်တွေက ဘယ်လောက်တောင် ရှားပါးအဖိုးထိုက်တန်လည်းဆိုတာကို သူသိသွားတော့သည်။

သူပြောပြလိုက်တဲ့ခေါင်းစဉ်တွေအများကြီးထဲမှာ တစ်ခုတစ်လေကိုတောင် စီနီယာတွေကမကြားဖူးပေ။

“ မင်းတို့တွေ အဲ့ဒါကိုမကြားဖူးတာသေချာပေါက်ပဲပေါ့။ မင်းတို့အဲ့အသိပညာကိုတွေကို ဘယ်နေရာကသင်ယူနိုင်မှာလဲ?” ဒီအချိန်မှာတော့ ပရော်ဖက်ဆာဟို့က ရှေ့တက်ကာစကားပြောလာသည်။

အဲ့နောက် သူ့အမြင်တွေကို ကျင်ရွှင်ပေါ်မှာပဲထားကာ ပရိုဂရမ်နယ်ပယ်ထဲက များစွာသောကျွမ်းကျင်မေးခွန်းတွေကို မေးခဲ့သည် အဓိကအားဖြင့် ကျင်ရွှင်ဖန်တီးပေါင်းစပ်ခဲ့တဲ့ စောင့်ကြည့်ပရိုဂရမ်အသေးလေးကိုပင်။

ကျင်ရွှင်က တစ်ခုချင်းစီပြန်ဖြေပေးကာ ရှက်ရွံ့မှုနှင့်အတူပြောလိုက်သည် : “ပရောဂျက်ပြီးသွားတဲ့အချိန်ကျရင် ကျွန်တော်အဲ့ဒါကိုဖျက်လိုက်ပါ့မယ် ပြီးတော့ အခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်တာကနေ ရှောင်ကြဉ်ဖို့အတွက် ကျွန်တော်အဲ့ဒါကိုနောက်တစ်ခါ ကွန်ပျူတာပေါ်မှာ ဘယ်တော့မှမထားတော့ပါဘူး…”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now