"မိန်းမ....အခုသားနဲ့ပြန်ဆုံပြီဆိုတော့ မင်းလည်းအရင်လိုပြန်နေပါတော့.....နေအမြန်ကောင်းအောင်လုပ်တော့လေ"

Namjoonပြောတော့အသံယဲ့ယဲ့လေးနဲ့ပြန်ဖြေလာတဲ့jinကပြုံးရွှင်လို့ပင်......

"အင်းပါ ကျွန်မအခုအမြန်ဆုံးကျန်းမာအောင်နေတော့မယ် "

ထိုအချိန်မှ jiminပျောက်နေမှန်းသိတဲ့taehyungကအလန့်တကြားနဲ့ namjoonကိုမေးလာသည်

"အဖေ ji.....jimiရော   jiminဘယ်ရောက်သွားတာလဲ...."

"jiminအောက်ထပ်ကသူ့အခန်းထဲ၀င်သွားတယ်သားရဲ့......သားမရှိတည်းကjiminကသားအခန်းမှာနေ နေတာလေ.....အခုသားလာပြီဆိုတော့ jiminလည်းအခန်းပြောင်းမလို့နေမှာပေါ့ "

Namjoonစကားဆုံးတာနဲ့ taehyungအောက်ထပ်ကိုအပြေးအလွှားဆင်းသွားသည်......
အောက်ထပ်ရဲ့ထောင့်စွန့်းကအခန်းလေးရှေ့ရောက်တော့ တချိန်ကရက်စက်မိခဲ့တဲ့အမှားတွေပြန်မြင်ယောင်လာတဲ့taehyungကမျက်ရည်များကျနေသည်ပင်

အဖြူရောင်တံခါးချပ်လေးကိုဖွင့်မိတော့...
အခန်းထဲကကုတင်ပေါ်မှာကျောပေးလျက်ထိုင်နေတဲ့jiminက အနောက်ကတယောက်ယောက်၀င်လာတဲ့အသံကြောင့်ပါးပြင်ပေါ်ရှိမျက်ရည်များကိုလက်ဖမို့နဲ့ခပ်ကြမ်းကြမ်းသုတ်လိုက်သည်

ငိုသံပါပါနဲ့ခေါ်မိတဲ့ "ကိုကို" ဆိုတဲ့နာမ်စား‌‌လေး‌ေကြာင့်ကျောချမ်းရပါသည်......အသံတွေကဘယ်လောက်နူးညံ့နေပါစေ ထိုအသံသည်နားတွင်း၌ကြောက်ဖို့ကောင်းလောက်အောင်လှောင်ရယ်နေတုန်းပင်

မလှုပ်ယှက်ဘဲထိုင်နေတဲ့jiminဘေးမှာtaehyungခပ်ဖွဖွထိုင်ချလိုက်သည်

"ကိုကို........ကျွန်တော့်ကိုစိတ်စိုးနေတုန်းလားဟင် ....."

အိမ်ရာခင်းအစလေးကိုတင်းတင်းဆုပ်ပြီး ကျလုဆဲမျက်ရည်ကိုထိန်းထားတဲ့jiminက
ခပ်ပြတ်ပြတ်သာခွန်းတုံ့ပြန်လိုက်သည်

"ထွက်သွား!!...ငါမျက်စိရှေ့ကနေအဝေးဆုံးကိုထွက်သွား"

ပြင်းထန်တဲ့စကားလုံးတွေမဟုတ်ပေမယ့် ဩဇာသံနဲ့အမိန့်ပေးတဲ့‌အေးစက်လှတဲ့အသံ
အကြောင့်taehyungပိုလို့ပင်၀မ်းနည်းရသည်

You've reached the end of published parts.

⏰ Last updated: Nov 29, 2021 ⏰

Add this story to your Library to get notified about new parts!

ေက်းကြ်န္🔞 (vmin) ကျေးကျွန်🔞Where stories live. Discover now