ရှန်ရိကျင်း : “ဘာမှမဟုတ်ပါဘူး။ ရှောင်ရွှင်ရဲ့အားလပ်ရက်ကိုတွေးမိတော့ ကိုယ်တို့ဘယ်နေရာမှာ အပန်းဖြေအနားယူသင့်တယ်ဆိုတာကို စဉ်းစားနေတာ”

ကျင်ရွှင် : !

ရှဲန်းရှန်က သူ့ကိုအပန်းဖြေခရီးခေါ်သွားမို့ပေါ့!

ကောင်းလိုက်တာ။ ကျင်ရွှင်ရဲ့အရင်ကအစီအစဉ်က သူအားတဲ့အချိန် ခရီးလျှောက်ထွက်ပြီးတော့ ကမ္ဘာကြီးကိုကြည့်ရှုဖို့ဖြစ်သည်။

“အိုကေ” ကျင်ရွှင်က အပြုံးလေးနဲ့ပြောကာ “ ဒါဆိုရှဲန်းရှန်အားတဲ့အချိန် ကျွန်တော်တို့သွားကြတာပေါ့”

“အင်း”

အဲ့နောက် သူကကျင်ရွှင်ရဲ့ရွေးချယ်မှုအလေးထားကာ ဘယ်သွားချင်လဲဟုမေးခဲ့သည်။

ဒါပေမယ့် ပြိုင်ပွဲအတွက်ကလွဲပြီး ဘယ်ကိုမှမသွားဖူးတဲ့ကျင်ရွှင်ကတော့ သဘာဝကျစွာပဲနေရာအားလုံးကိုသွားချင်နေသည်။

ဒါ့ကြောင့် ကျင်ရွှင်ပြောလိုက်၏ “ဘယ်နေရာဖြစ်ဖြစ်”

လူငယ်လေးမှာ ကြည်လင်တဲ့သလင်းကျောက်အလင်းရောင်တွေ လျှံထွက်နေတဲ့ ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းတစ်စုံရှိသည်။ သူ့မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့အမူအရာတွေ ပြည့်လျှံနေသည်။

ရှန်ရိကျင်းက မနေနိုင်တော့ဘဲ သူ့ကိုထပ်ကြည့်နေမိသည်။

“ကိုယ်သိပြီ”

အဲ့နောက် နှစ်ယောက်သားက နှစ်ယောက်လုံးစိတ်ဝင်စားရာဖြစ်တဲ့ နည်းပညာသိပ္ပံအကြောင်းအရာတွေကို ပြောခဲ့ကြသည်။ ပရောဂျက်အဖွဲ့ရဲ့လုပ်ငန်းစဉ်နဲ့အခြေအနေကိုလည်း ရှန်ရိကျင်းက ကျင်ရွှင်အားမေးခဲ့သည်။

စာချုပ်ပါလျို့ဝှက်ထားရမယ့်အကြောင်းအရာအရ ကျင်ရွှင်က သူဘယ်ပရိုဂရမ်ကိုပြုလုပ်နေတာလဲဆိုတာကို ရှန်ရိကျင်းအားမပြောခဲ့ပေ။

ရှန်ရိကျင်းကလည်း မမေးခဲ့ဘူး။

ဒါပေမယ့် အဲ့ခေါင်းစဉ်ကိုအနည်းငယ်လောက် ဆွေးနွေးလည်းအဆင်ပြေပါတယ်

ရှန်ရိကျင်း သူ့ကိုမေးသမျှမေးခွန်းအားလုံးက “မင်းတစ်ခုခုသင်ယူခဲ့မိလား” ၊ “ပျော်လား”၊ “မင်းနောက်တစ်ကြိမ်ဒီလိုပရောဂျက်မျိုးကို ဆက်လုပ်ချင်သေးလား” အဲ့လိုမျိုးတွေပင်ဖြစ်သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now