ရိဟန်ရဲ့ စိတ်က ကျယ်လောင်စွာ မည်ဟီးနေသည်။ သူ့မျက်လုံးထဲမှာ အနက်ရောင် အစက်အပြောက်များ မြင်လာရသည်။ သူ့နှလုံးခုန်သံက မြန်ဆန်လာပြီး ပြင်းထန်စွာ အသက်ရှုလာသည်။ သူက ခေါင်းကိုခါယမ်းရင်း အကောင်းဆုံးကြိုးစား၍ နောက်ကို တစ်လမချင်းဆီ ဖြည်းညှင်းစွာ ဆုတ်နေမိသည်။ သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးများကတော့ အနားကို ဖြည်းညှင်းစွာ တိုးလာသော ဖုန်းချွင်ကိုသာ စိုက်ကြည့်နေလေသည်။

ရိဟန်သည် တစ်ဖက်လူက သူ့ကို ဒီလိုမျိုး စဉ်းစားနေမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။ တစ်ဖက်လူကသူ့ကို ညှင်းပန်းနှိပ်စက်ဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ဒါက ရိဟန်ရဲ့ အရင်ဘဝနဲ့စာရင် မတူညီတဲ့ ကမ္ဘာတစ်ခုဖြစ်သည်။ အခုဆိုရင် သူက ကျင်းယွမ်နဲ့ အတူတူဖြစ်နေလေပြီ။ သေဆုံးရင်ပဲဖြစ်ဖြစ် ရှင်သန်နေရင်ပဲဖြစ်ဖြစ် သူ့ဝိညာဉ်မှသည် သူ့ခန္တာကိုယ်ထိ သူ့လက်တွဲဖော်တစ်ယောက်တည်းကိုသာ ထာဝရ သစ္စာရှိနေမှာပင်။

ရွံရှာဖွယ် အတိတ်ကို ဘယ်လိုမှ ထပ်ခါထပ်ခါ မဖြစ်စေရတော့ဘူး။ အကယ်၍ ခုခံဖို့ နည်းလမ်း မရှိဘူးဆိုရင် ဒီသားရဲကောင်ကြီးကိုပါ သူနဲ့အတူ ဖျတ်ဆီးပစ်မည်။ ဒါက သူ့အတိတ်ဘဝနဲ့အတူ နောက်ဆုံးအကြိမ် ဖြေရှင်းခြင်းလို့ မှတ်ယူနိုင်သည်လေ။

ဖုန်းချွင်သည် ရိဟန်နှင့် ပိုမိုပြီး နီးကပ်လာသည်။ 

သူ့ရင်ထဲမှာပဲ နက်နက်ရှိုင်းရှိုင်းနဲ့ လိုချင်တက်မက်နေခဲ့တဲ့ တစ်စုံတစ်ယောက်က သူလှမ်းလာတဲ့ ခြေလှမ်းတိုင်းမှာ ကြောက်ရွံ့ထိတ်လန့်ပြီး သတိထား၍ နောက်ပြန်ဆုတ်နေသော မြင်ကွင်းက သူ့နှလုံးသားကို ပီတိတွေနဲ့ ပြည့်နှက်စေသည်။

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က အခန်းအပြင်ဘက်ကနေ တံခါးကို တွန်းဖွင့်လာ၏။

"မြန်မြန်လေးလုပ်လေ, အကယ်၍ ပိုင်မိသားစုတွေသာ ငါတို့ကို ရှာတွေ့သွားရင်, ငါတို့တော့ သွားပြီပဲ" ထိုလူက ပြောလာသည်။

ဖုန်းချွင်က ရပ်တန့်သွားသည်။

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ?" သူက အော်ဟစ်သည်။
"ငါ့ကိုများ ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုပြောရဲနေရတာလဲ! သတိထားနေလိုက်, မင်းကို ပိုက်ဆံလုံးဝ မရအောင် လုပ်ပစ်လိုက်မယ်! ထွက်သွားပြီး တံခါးကို စောင့်နေစမ်း!"

(Completed) Reborn as a good childWhere stories live. Discover now