🍁Daffodils_Extra.1

Start from the beginning
                                    

နွေဦးက ကလေးတွေကို အိပ်ခန်းထဲမချီသွားပြီး သိပ်ပြီးမှပြန်ထွက်တယ်။မိုးပင်လယ် ပြေရာပြေကြောင်း လုပ်ဖို့ သူ့ဘေးကနေရာကိုလက်နဲ့ပုတ်ပြီးခေါ်ပေမယ့် နွေဦးက မျက်နှာချင်းဆိုင်မှာပဲဝင်ထိုင်တာမို့ သူအမှန်တကယ်ကို စိတ်တိုသွားရတယ်။

"နွေဦး!ဘာဖြစ်တာလဲ...ကိုယ်နောက်တစ်ခါ ကလေးတွေရှေ့မှာ မင်းကိုဘာမှမလုပ်တော့ဘူး အိုခေလား"

"ခုနကကိစ္စဆက်ပြောရအောင်!"

"ဆေးရုံဆောက်ပေးမယ့်ကိစ္စလား...နွေဦးသဘောမတူဘူးမလား"

"ဟုတ်တယ်...ဒါပေမယ့်ခင်ဗျားဘာလို့ အဲ့လိုပြောရတာလဲ"

"ရှင်းရှင်းလေးလေကွာ...မင်းကို အိမ်မှာဒီ့ထက်ပိုရှိစေချင်လို့ပေါ့.."

မိုးပင်လယ် စကားကသူ့ကိုပိုစိတ်ပျက်သွားစေတယ်။
"ခင်ဗျားယူထားတာ ဆရာဝန်နော်...အဲ့တစ်ခုတော့သတိရဦး!"

"ကိုယ်သတိရတယ်လေ...ခုလဲအချစ်ကိုကိုယ်အလုပ်ထွက်ခိုင်းလို့လား...ကိုယ်ပိုင်ဆေးရုံဆို နွေဦးလဲနားချိန်ပိုရတာပေါ့..ခုကျကိုယ်အိမ်မှာနားရင် နွေဦးကမရှိ..ရှိလဲခဏပဲ!အဲ့ဒါကြောင့်..ကိုယ်ဆေးရုံဆောက်ပေးရမလားလို့ ဟင်!"

"အရမ်းချမ်းသာတာပဲနော်...ရှယ်အမ်းတာ"

"နွေဦး!"

"အရင်တုန်းကတည်းကပြောပြီးသားဆိုပေမယ့် ခင်ဗျားလဲယောကျ်ား ကျွန်တော်လဲယောကျ်ားပဲ...ခင်ဗျားမှာအလုပ်ရှိသလို ကျွန်တော့်မှာလဲ လူတကာအလယ်မှာ မျက်နှာမငယ်လောက်တဲ့ အလုပ်ရှိတယ်။ကျွန်တော်က ခင်ဗျားကိုချစ်လို့လက်ထက်ခဲ့တာ ခင်ဗျားရှယ်ယာတွေ ပိုက်ဆံတွေ ဟိုတယ်တွေ Resortတွေကိုလက်ထပ်ခဲ့တာမဟုတ်ဘူး...ကျွန်တော့်ကို နောက်တစ်ခါ အဲ့လိုမဆက်ဆံနဲ့...မှီခိုနေရတဲ့ ပုံမျိုးမဆက်ဆံနဲ့"

"ကိုယ်ကအဲ့လိုသဘောမျိုးမဟုတ်ပါဘူး..နွေဦးချစ်တာထက် ကိုယ်ကပိုတောင်ချစ်သေးတယ် ခုလဲ အိမ်ပြန်လာရင်ပင်ပန်းနေရောမလား အဲ့ဒါကြောင့်ပါ"

"ချစ်ရင် ကျွန်တော့်သဘောထားဘယ်လိုရှိလဲ သိရမှာပေါ့..ခုဟာကအလုပ်မဟုတ်လိုက်တာ"

?Daffodils[Complete]Where stories live. Discover now