U & Z
"အာကာ ငါရောက်နေပြီ မင်းကဘယ်နားမှာလဲ"
"ငါကားကြီးကွင်းကိုရောက်နေပြီ စိုင်း ခဏလောက်စောင့်ပေး"
စိုင်း တံခွန်တိုင်မြို့ ကားကြီးကွင်းမှာ ရောက်နေတာဖြစ်သည်။စိုင်းသူငယ်ချင်း အာကာက GTIမှ ကျောင်းဆရာ တစ်ဦးဖြစ်သည်။ကျောင်းနေဘက်ဖြစ်ပေမယ့် ကျောင်းပြီးကတည်းက မတွေ့ဖြစ်ကြတော့ပေ ။BEဘွဲ့ရပြီးနောက်ပိုင်း စိုင်းလည်းစင်ကာပူကိုထွက်သွားရပြီး အာကာလည်းMEတက်ပြီးကွဲသွားတာဖြစ်၏။
အခုဒီကိုပြန်ရောက်ပြီး တွေ့ချင်လို့ဆက်သွယ်မှ အလုပ်ရတာမကြာသေးလို့ စိုင်းကိုလာမတွေ့နိုင်တဲ့ အာကာနောက် စိုင်း လိုက်လာခဲ့ရတာပင်။
"အာကာ ငါ ဒီမှာ"
"မတွေ့တာ ကြာပြီ စိုင်းရာ ငါမင်းကို သတိရနေတာ"
ဟု ဆိုကာ အာကာ စိုင်းအား ပြေးဖက်မိသည်။ အမြဲတတွဲတွဲနေခဲ့ကြတာမလို့ လူချင်းတွေ့ရမှ ပိုသတိရ သလိုခံစားမိသည်။ ကိုယ့်ဘဝရှေ့ရေးတွေနဲ့ ကိုယ်မလို့ မတွေရတာသုံးနှစ်ကျော်ပြီဖြစ်သည်။
"ဘာလို့ လိုင်းကားလည်း စိုင်း"
"ဒီတိုင်း စိတ်ပျော်မလားလို့"
"အဆင်ပြေ သွားမှာပါ"
"လာပါ အိမ်အရင်ပြန်ရအောင် မင်းပင်ပန်းလာတယ်မလား"
"ဆိုင်ကယ်နဲ့လား အာကာ"
"အေး ဒီမှာက ဆိုင်ကယ်စီးကြတာများတယ် နယ်ဘက်ဆိုတော့ မြို့က သိပ်မကြီးပေမယ့် နေလို့တော့ တော်တော်ကောင်းပါတယ်။
"ဒါဆို ငါ့အကြိုက်ပေါ့ကွာ ဟားးးး"
" စားလို့ကောင်းတဲ့ အစားအစာတွေလည်းရှိတယ် မင်းကြိုက်မှာပါ "
"အင်း စားကြည့်မှ သိမှာပေါ့ကွာ"
"အေးပါ မင်းကြိုက်သွားစေရမယ်။ပြီးတော့ တံခွန်တိုင် သူတွေကအချောလေးတွေနော် ။ခေတ်မဆန်ပေမယ့် ယဉ်ပြီးချောတာလှတာကွ ယဉ်ချောလှလေးတွေပေါ့ကွာ.. ဟားဟား."
"မင်းလည်း အကျင့်က အရင်အတိုင်းပဲနော် မပြောင်းလဲဘူး"
"ဟား ဟား"
YOU ARE READING
You Belong With Me.
Romance(On going) ကျွန်တော်တစ်စုံတစ်ယောက်နဲ့ချစ်ဖို့အဆင်သင့် မဖြစ်သေးလို့ တောင်းပန်ပါရစေ ခင်ဗျားရယ်။ လင်းထက်ဟန်🚶 မင်းအတွေးတွေမှားနေကြောင်းကိုယ့်အချစ်တွေနဲ့ သက်သေပြပါ့မယ် ကလေးငယ်။ စိုင်းဇေယံ🏃
