'' ကျနော်က ဘာသိတာမှားလို့လည်း..''

'' ယွန်းဂီက S ဆိုတာ မင်းသိလား..ထယ်ယောင်း''

'' ဟမ်... မင်က S...''

'' ဟုတ်တယ်..ထယ်ယောင်းရဲ့...ယွန်းဂီက S ပဲ
မင်း..ဂျောင်ဂုနဲ့ ယွန်းဂီကို ဟိုတယ်မှာ တွေ့ခဲ့တယ့်
နေ့က ကိုယ်တို့ ကိစ္စတခုကို ဖြေရှင်းပြီးလို့
ဟိုတယ်ကနေ အထွက်မှာပါ...''

ဆော့ဂျင်ဟျောင်းရဲ့ ရှင်းပြမှုအပြီး ကျနော်သိလိုက်ရတာက ကျနော်မှားသွားပြီ ဆိုတာပါပဲ...

ကျနော်အကြီးအကျယ်ကို မှားသွားပါပြီ...

'' ဒါဆို...ကျနော်သိနေတာတွေအကုန်က
မှားနေတာလားဟင်...''

'' ဟုတ်တာပေါ့..ကင်ထယ်ယောင်းရာ..မင်းသိနေတာတွေက အကုန်အမှားတွေ...
ငါက ဘာလို့ယွန်းဂီဟျောင်းနဲ့ အိပ်ရမှာလည်း..
အိပ်ချင်းအိပ်..ငါ့ရည်းစား ဆော့ဂျင်ဟျောင်းနဲ့ပဲ
အိပ်မှာပေါ့ကွ...''

'' ဒါဆို... မင်ရော...မင်အခုဘယ်မှာလည်းဟင်...''

'' ငါတို့တောင် မသိလို့ မင်းကို လာမေးပါတယ်ဆိုမှ မင်းက ပိုဆိုးနေတယ်...ကင်ထယ်​​ယောင်းရယ်..''

'' ဟျောင့်...ဂျွန်းဂျောင်ဂု...မင်းပါးစပ်လေး ခဏလောက် ပိတ်ထားလို့ရမလား...''

'' ရား...ကင်ထယ်ယောင်း...''

'' ရှူးး...ကုကီး ငြိမ်ငြိမ်နေ...''

'' တော်ပြီဗျာ..ကားထဲကပဲ သွားစောင့်တော့မယ်...'''

'' တောင်းပန်ပါတယ်..ထယ်ယောင်းရယ်...
ဂျောင်ဂုက နည်းနည်းဆိုးလို့...''

''အာ..ဟုတ်...ရပါတယ်ဗျ...''

'' ဒါနဲ့.... အစ်ကိုအကူအညီတခုတောင်းချင်တာက မင်းရဲ့လူတွေကိုပါ သုံးပြီး ယွန်းဂီကို
ပြန်ရှာပေးပါလားလို့...''

'' အာ...ရပါတယ်.ကျနော်လည်းရှာဖို့ စဥ်းစားထားပြီးသားပါ...''

'' အင်း....ကျေးဇူးပါ..ထယ်ယောင်း...''

'' ရပါတယ်...အစ်ကိုဆော့ဂျင်...''

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Where stories live. Discover now