15 ( uni)

271 37 2
                                    

'' မင်... ''

'' ဟင်.. ''

'' မင်ပြောတယ့် forget me not ပန်းမှာ ပုံပြင်ရှိလား.. ''

'' အင်း..ရှိတာပေါ့.. ထယ်ရ.. ''

'' ထယ့်ကို ပြောပြပါလားဟင်.. ''

'' အလယ်ခေတ်လောက်ကပေါ့.. စစ်သူရဲကောင်း
တယောက်က သူရဲ့ချစ်သူနဲ့ မြစ်ကမ်းဘေးမှာ လမ်းလျှောက်ရင်း
လှပတယ့် ပန်းသေးသေးလေးတွေကို မြင်ခဲ့တယ်တဲ့.. ''

'' ငင့်..ဘာမှလည်းမဆိုင်ဖူး.. ''

'' ဟော..မပြီးသေးဖူးလေ...''

''အဲ့အမျိုးသားကနေ အဲ့ပန်းလေးတွေကို သူ့ချစ်သူကို ပေးချင်လို့ဆိုပြီး.. သွားခူးတာပေါ့..
သွားခူးရင်းနဲ့.. သူရဲကောင်းက သူရဲ့ ချပ််ဝတ်တန်ဆာရဲ့ အလေးချိန်ကို ဟန်ချက်မထိန်းနိုင်ပဲ
မြစ်ထဲကို ပြုတ်ကျသွားပေမယ့် အဲ့ပန်းတွေကို လက်ထဲမှာ ​ပစ်မချပဲ ဆုပ်ကိုင်ထားခဲ့တာပေါ့''

'' အော်..အဲ့တာနဲ့ forget me not ဆိုတယ့် ပန်းဖြစ်လာတာလား.. ''

'' ကျန်သေးတယ်လေ.. ''

''အဲ့အမျိုးသားက ရေနစ်မြှပ်နေတယ့် အချိန်မှာတောင် သူ့ချစ်သူဆီကို အဲ့ပန်းတွေ ပြစ်ပေးလိုက်ပြီး forget me not လို့အော်ခဲ့တာပေါ့..
သူရဲ့ချစ်သူကတော့ သူမရှိတော့တဲ့..အချိန်ကစပြီး forget me not ပန်းတွေကို သူသေတယ့်အထိ ပန်ဆင်သွားတယ်တဲ့.. ''

'' အော်.. အဲ့တာကြောင့် အချစ်စစ်ဆိုတယ့် အဓိပ္ပာယ် ရတာပေါ့.. ''

'' အင်းလေ.. အဲ့တာကြောင့် အဲ့ပန်းတွေကို
အချစ်စစ်ရဲ့ သင်္ကေတလို့ ခေါ်တာပေါ့.. ကဲကဲ..
အိပ်တော့.. ''

'' မင်ကလည်း ကိုယ်က တခြားပန်းအကြောင်းတွေလည်း နားထောင်ခြင်​သေးတာကို.. ''

'' ထယ်နဲ့လက်ထပ်ပြီးရင် တူတူနေရမှာပဲကို..
အဲ့ချိန်ကျမှ ကိုယ်ပြောပြမယ်.. ခုတော့ နားတော့.. ''

'' တကယ်နော်.. ''

'' အင်း.. တကယ်.. ''

𝕃𝔸𝕍𝔼ℕ𝔻𝔼ℝ ( complete) Where stories live. Discover now