နောက်တစ်စက္ကန့်ကြာတော့ ရွှယ်ယို့ရှန်းလည်း အတွေးပေါက်ပြီး နားလည်သွားတော့တယ်။ ရင်းဆုယဲ့ သူ့ကို ပြောချင်နေတာက ‘အနီရောင်မိန်းကလေးကမှ လက်နက်တွေကိုင်ထားတဲ့ လူကြမ်းကြီးအဖွဲ့ကို အနိုင်ကျင့်နေတဲ့လူ’ ဆိုတဲ့ သဘောများလား..?

ရွှယ်ယို့ရှန်းမှာ မယုံကြည်နိုင်အောင် မျက်လုံးပြူးသွားပြီး ‘မှုခင်းဖြစ်ရပ်’.. မဟုတ်သေးဘူး.. ‘ဖျော်ဖြေပွဲ’ကို မမှိတ်မသုန် စိုက်ကြည့်လိုက်မိတယ်။

ရွှယ်ယို့ရှန်းရဲ့ စိတ်ထဲ ရှုပ်ထွေးလာခဲ့တယ်။ အောက်ကမြင်ကွင်းက သူ့အတွက် တကယ့်ကို စိတ်ရှုပ်ထွေးစရာပါပဲ။

မိန်းကလေးတစ်ယောက်က ယောက်ျားကြီးတွေကို အနိုင်ကျင့်တယ်ဆိုတာ ပုံမှန်မဟုတ်ဘူးလေ။ ဘယ်လိုဖြစ်တာပါလိမ့်..? ဒါမှမဟုတ် ဒီကမ္ဘာက စိတ်ကူးယဉ်ဝတ္ထုအမျိုးအစား ဖြစ်နေလို့များလား..? ဒါမှမဟုတ် သူ့အတွေးတွေက လက်ရှိအခြေအနေနဲ့ မကိုက်ညီလို့များလား..?

ဝတ္ထုတွေ အများကြီးရေးခဲ့ပြီး ပေါက်ကရအတွေးတွေ လျှောက်တွေးနေမိတာ သူ့ဦးနှောက်ပျက်သွားလို့ပဲ ဖြစ်ရမယ်။ စာရေးသူတစ်ယောက်အနေနဲ့ ဒီလိုအကျင့်ဆိုးကြီး ပိုင်ဆိုင်ထားမိတာ လက်မခံနိုင်စရာပဲကွာ..!

…………………………………….

Zawgyi

“ဘယ္မွာလဲ..?”

တစ်ခုခုဖြစ်ပြီဆိုတဲ့ အသံကြားလိုက်တာနဲ့ ရွှယ်ယို့ရှန်းကတော့ ထမင်းထိုင်စားနေဖို့ စိတ်ကူးမရှိတော့ဘူး။ ချက်ချင်း ထရပ်လိုက်ပြီး သူတို့သီးသန့်ခန်းရဲ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။ ထို့နောက် အပြင်ထွက်သွားပြီး အောက်ထပ်မှာ ဘာတွေဖြစ်ပျက်နေသလဲလို့ အပေါ်စီးကနေ လှမ်းကြည့်လိုက်တယ်။ ပြဿနာက သူတို့နဲ့ မသက်ဆိုင်ပေမယ့် သူက ဒီလိုအုတ်အော်သောင်းတင်း ဖြစ်ရပ်တွေ ကြည့်ရတာကို ကြိုက်တယ်လေ။

“ဒီဘက်မှာ..”

ရင်းဆုယဲ့လည်း အနောက်ကနေ လိုက်ပါလာခဲ့တယ်။ ရွှယ်ယို့ရှန်း နေရာမှားကြည့်နေမှန်း တွေ့လိုက်ရတော့ သူက လက်မြှောက်လိုက်ပြီး ကောင်လေးရဲ့ခေါင်းကို နေရာမှန်မြင်ရအောင် ညင်သာစွာ လှည့်ပေးလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now