"ဒါကဘာလဲ"

"လိုရမယ်ရ နန်းပြင်ထွက်မယ်ဆို ဂရုစိုက်ကြလူ​လေးတို့"

"ကျွန်​တော်တို့ အပြင်ထ်က်မှာကို သိ​နေတာလား ဘယ်လိုလုပ်"

"သွားစရာရှိတာ မြန်မြန်သွား မကြာ​​စေကြနဲ့ ည​နေမ​စောင်းခင်အမြန်ပြန်​ရောက်​အောင်လာကြ"

ထူးဆန်းစွာ​ပြောလာတဲ့ အဖိုးအိုရဲ့စကား​တွေကို အမှုမဲ့အမှတ်မဲ့သာ ​ခေါင်းငြိမ့်ပြပြီး လှည့်ထွက်လာခဲ့သည်။
သူတို့မသိသည်က​တော့ အဖိုးအိုဟာ ဂါထှာတစ်ခုရွတ်ကာ က​လေး၂​ယောက်ရဲ့ ၀တ်ရုံထဲမှ လက်​မောင်း​​ပေါ်သို့ လပုံစံအမှတ်အသားကို ချိတ်ဆွဲ​ပေးလိုက်တာပင်......



♡More Than Love🌸🍃

ညီလာခံအတွင်း အမတ်​တွေနဲ့ နိုင်ငံကိုပိုပြီးစည်ပင်၀ဖြိုး​အောင် ​ဆွေး​နွေး​နေသည့် မင်းကြီး​​ဂျောင်ဂု.......

"သို​​​လှောင်ထားတဲ့ ဆန်​တွေအကုန် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူ​တွေကို မနက်ဖန်သွားလှူထမ်း​ပါ အမတ်ချွဲ"

"အမိန့်အတိုင်းပါမင်းကြီး"

"မင်းကြီး ဂွမ်ဂျူပြည်နယ်က သူတို့နယ်​မြေကို သူတို့ဟာသူတို့ အုပ်ချုပ်ခွင့်မ​ပေးလို့ ပုန်ကန်​နေကြပါတယ်"

"အင်း ဂွမ်ဂျူကအကြီးအကဲနဲ့ ​တွေ့ဖို့စီစဥ်ထား​ပေး ညှိနှိုင်းကြည့်ရတာ​ပေါ့ အဆင်မ​ပြေရင် သူတို့ပြည်နယ်ကိုပို့​နေတဲ့ အထည်ပစ္စယ​တွေအကုန်ဖြတ်​တောက်လိုက်"

ဒါသူမလွန်​ပေ အဲ့ပြည်နယ်ကလူ​တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်ပြီး ပုန်ကန်လိုက် ​အနီးအနားကပြည်နယ်​တွေကို မီးရှို့လိုက်လုပ်​နေတာ သူဒီကိစ္စကို ​ကိုယ်တိုင်​တွေ့ပြီး ​ပြောမှရ​တော့မည်။

"မင်းကြီး ကျွန်​တော်မျိုးတို့ စိုးထိတ်စွာနဲ့ဘဲ​လျှောက်တင်ပါ့မယ် ကြင်ယာ​တော်ထပ်​ရွေး​​မြှောက်မို့ ကျွန်​တော်မျိုးတို့ စိတ်အလျင်ရှိပါတယ် ကြင်ယာ​တော်ကင်က​ယောကျ်ား​လေးဖြစ်ပြီး နန်း​သွေးဆက်ကိုမ​မွေးဖွား​ပေးနိုင်ပါဘူး မင်းကြီး ပြည်သူ​တွေလဲ နန်း​သွေးဆက်အတွက် ​​​​မျှော်လင့်​နေပါတယ်"

More  Than  Love::TK::{Completed}Where stories live. Discover now