ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)

Start from the beginning
                                    

"စိတ်မကောင်းဖြစ်သွားတာပါ...စိတ်ဆိုးနေတာမဟုတ်ပါဘူး.."

"အော်..."

ပြုံးနေတာကြောင့်ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေ ကွေးကွေးလေးဖြစ်နေတယ်။ဒီပုံစံလေးက လိုချင်တာရသွားလို့ ပျော်နေတဲ့ပုံလေးနဲ့တူတယ်.....

ဒီလို လွယ်လွယ်နဲ့ ကျေနပ်ရောင့်ရဲတတ်တာ...သတိကြီးကြီးနဲ့တစ်ဖက်လူရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်တတ်တာ....

ကျိုးရိကျယ်ရဲ့ အမူအရာတွေ မှောင်မိုက်နေပြီ....ကျိုးရိအန်ရှေ့မှာလဲ အခုလို ချစ်စရာကောင်းအောင် နူးညံ့သိမ်မွေ့ခဲ့တာပဲလား??ကျိုးရိအန်နဲ့တုန်းကလဲ အခုလို နာခံပြီးအလျှော့ပေးခဲ့တာပဲလား??

ဒီကောင်လေး အရှက်ကွဲတာမျိုးကို မမြင်ချင်တော့ဘူး....ဒီကောင်လေး ပျော်နေတာကိုပဲမြင်ချင်တယ်။ဒီကောင်လေးကို သနားလာပြီ....

ရှဲ့ဟယ်ရဲ့ ဒီလို အမူအရာလေးတွေက သူ့တစ်ယောက်တည်းအတွက်ဖြစ်တည်လာတာပါလို့ ကျိုးရိကျယ် သူ့ကိုယ်သူ လှည့်စားနေခဲ့တယ်။

ကျိုးရိကျယ်ရဲ့ အဖြစ်က ကုသမှုကို ငြင်းဆန်နေတဲ့ လူနာတစ်ယောက်လို အဖြစ်မျိုးပါ...ဒီရောဂါဝေဒနာ​ကြောင့်အသက်ဆုံးပါးသွားနိုင််ဆိုတာ နက်ရှိုင်းစွာသိနေပေမယ့် ဒီနာကျင်မှုလေးမှာ မွေ့လျော်နေချင်သူပါ.....ဒီလို ကျေနပ်ပျော်ရွှင်ဖို့အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပါတယ်......

  ………………………………………

[444:Hostတာ့တာ့....ဒီရက်ပိုင်းမှာ ကျိုးရိကျယ်ရဲ့ နှစ်သက်မှုက 95ထိ တက်လာတယ်!!!Hostတာ့တာ့ဒီလောက်ထိသူ့ကို စိတ်မကောင်းဖြစ်အောင် နှိပ်စက်နေတာတောင် ဘာလို့ Hostတာ့တာ့ကို ပိုချစ်လာပြီး ကောင်းကောင်းဆက်ဆံနေတာလဲဟင်😕]

[ရှဲ့ဟယ်:အဲ့ကောင် ကယောင်ခြောက်ခြားဖြစ်နေတာ😊]

[444:Hostတာ့တာ့!!....ကျွန်တော် အတည်မေးနေတာနော်😢]

[ရှဲ့ဟယ်:ငါလဲ အတည်ဖြေနေတာပဲလေ....ဒါကလူပြိန်းနားလည်အောင်ရှင်းပြတာ..စာသံပေသံနဲ့​ပြောရမယ်ဆိုရင်....အချစ်ရဲ့အရသာကိုမြည်းစမ်းဖူးသူတ်ိုင်းက အရှုံးပေးလိုက်ဖို့ တွန့်ဆုတ်ကြတယ်....ဒါကဘာနဲ့တူလဲဆိုတော့ ရေငတ်နေတဲ့သူကို အဆိပ်ပုလင်းပေးလိုက်တာနဲ့တူတယ်...အဆိပ်မှန်းသိသိကြီးနဲ့ ရေငတ်ပြေအောင်သောက်ကြသလိုပေါ့...အေး...ငါအခုသူ့ကိုအဲ့လိုဖြစ်အောင်လုပ်ထားတာ...သူမှားနေမှန်းသိပေမယ့် လက်ခံလိုက်ရုံအပြင် ရွေးစရာမရှိဘူးလေ....သူ့ရဲ့ ထင်ယောင်ထင်မှားဖြစ်နေမှုကြီးက သူ့ကို လွတ်လမ်းမရှိအောင် ၀ါးမြိုသွားလိမ့်မယ်...]

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now