so we're just friend ✨

5.3K 164 13
                                    

လူဆိုတာပတ်ဝန်းကျင်နဲ့အသိုင်းဝိုင်းနဲ့ ကျင်လည်ရတဲ့ သတ္တဝါ ဖြစ်ကြောင်း သင်ယူခဲ့ရဖူးတယ် ။

အဲ့အချက်ကို ကျွန်တော် လက်မခံနိုင်ဘူး...

အဲ့ဒီပတ်ဝန်းကျင် ကဘာမို့လို့လဲ? ?

အလကား! ! အကြောင်း မရှိ အကြောင်းရှာအပြစ်တင်ကဲ့ရဲ့ချင်နေတဲ့ လူ့ဝန်းကျင်သက်သက်တခုလို့ ကျွန်တော် မြင်တယ် ။

Kim Sunoo
ကျိကျိတက်ချမ်းသာတဲ့ မိသားစု ရဲ့
တဦးထဲသောသား....

ပညာရေးလိုက်စားတက်တဲ့ မိဘဖြစ်ရုံကလွဲရင် ဂုဏ်နဲ့ငွေကိုတိုင်းတာ တန်ဖိုးဖြတ်တက်သော မိသားစု ပြီးတော့ ဆွေမျိုး မိတ်ဆွေဝန်းကျင်တခု...

သူတို့  ပြောတဲ့ ကျွန်တော်အကြောင်း...

'' ရုပ်လေးချောသလောက်သိပ်ပွေတာ ''

'' လူဘောကြော့ ဆန်ကုန်မြေလေး လေ ''

'' အို...အလကား အသုံးမကျ တဲ့ သူဌေးသား''

လူတွေနူတ်က စကားလုံးတွေအပေါ်လိုက်အာရုံစိုက်နေရမယ်ဆိုရင်..
အင်း...အာရုံ စိုက်ဖူးမှဆက်ပြောတာပေါ့ ။

ကျွန်တော် ကဘယ်သူ့ကိုမှ
စောက်ဂရုမစိုက်တက်တာ မလို့....။

ဒါပေမဲ့ ချွင်းချက်....
သူတို့ ပြောတဲ့ထဲမှာအမှန်တရားလေးတွေနည်းနည်းတော့ပါကြောင်း ဝန်ခံရမယ် ။

​အိမ်မကြီးထဲ အပေါင်းအပါအချို့ဖိတ်ခေါ်ကာ ပါတီပေးနေသည့် အဖြစ်ကို နိုင်ငံ ရပ်ခြား သို့ ယနေ့ ပင် အ့လုပ်ကိစ္စနဲ့ ရောက်နေသော မိဘနှစ်ပါး မည်သို့မျှသိမည်မဟုတ် ။

ဝိုင်ဖန်ခွက်ကို မယူကာ အနည်းငယ် သမ
အောင်ဝေ့ယမ်းရင်း ဖန်ခွက်ချင်းတိုက်ကာမော့ခဲ့သည် ။

တခွက်...
နှစ်ခွက်...
သုံးခွက်...

ဝိုင်တွေထက် ချိုမြပြင်းရှသော နူတ်ခမ်း တစုံသည် မျက်လုံးရှေ့တွင်ရှိနေသည် ။

စိတ်ကူးနှင့်အကြိမ်ကြိမ်ထိတွေ့ဖူးသော
နူတ်ခမ်း ပါးတစ်စုံကို ဒီညတော့ မူးချင်ယောင်ဆောင်ပြီးသုံးဆောင်ကြည့်ချင်
သည် ။

𝑠𝑜 𝑖'𝑣𝑒 𝑡ℎ𝑟𝑒𝑒 𝑏𝑜𝑦𝑓𝑟𝑖𝑒𝑛𝑑𝑠Where stories live. Discover now