အတန်ကြာနှိပ်ပေးနေရမှာ
မောင့် ခေါင်းလေးကို သပ်ပေးမိတော့
စိုနေတယ့် ဆံပင်တို့ကြောင့်
လွန်းမျက်မှောင်ကုတ်မိသည်။

"မောင် ခေါင်းလျော်ထားတာလား"

"ဟုတ်တယ်ကိုကို"

"မောင်ကတော့လေ ညဘက်ကြီးခေါင်းလျော်တယ်
ခြောက်အောင်လဲမသုတ်ဘူး
ကိုယ်စိတ်ပူတယ်မောင်ရယ်
အဆိုးလေးကတော့လေ
ကျန်းမာရေးကို ဂရုမစိုက်ဘူးကွာ"

ပြောရင်းနဲ့ပင် လွန်းသုထက်သည်
ဗီရိုထဲက သဘတ်တစ်ထည်ကိုယူကာ
မောင့်ပေါင်ပေါ်ထိုင်ရင်း
ခေါင်းသုတ်ပေးတော့
ကြောင်ဆိုးလေးဟာ
ရင်ခွင်ထဲကို တိုးဝင်လာသည်။

ခေါင်းသုတ်ပေးရင်းနဲ့ကြည့်လိုက်တော့
မျက်လုံးလေး စဥ်းနေပြီဖြစ်တယ့်
ကြောင်ဆိုးလေး။

"အိပ်ချင်နေပြီလားမောင်"

"အွန်း မောင် ငိုက်နေပြီ"

"ဟားဟား မောင်ကတော့လေ
တကယ့်ကို ကလေးလေးကွာ"

"ကိုကိုနော် မောင်က ကိုကိုရှိလို့
အိပ်ချင်လာတာ"

"oh ကိုယ်က အိပ်ဆေးမလို့လားမောင်ရာ"

"ဟုတ်တယ်လေ ကိုကိုက
မောင့်ရဲ့ အိပ်ဆေးလေး
မောင်က ကိုကိုမောင့်အနားရှိတာနဲ့
အရမ်းကိုနွေးထွေးလာလို့ အိပ်ချင်လာတာ ဝှားးးး"

ပြောရင်းနဲ့ သန်းနေတယ့်မောင်ကြောင့်
ဆံပင်လေးတွေကို လွန်းထိုးဖွကာ
စမ်းလိုက်တော့ အွန်းဆံပင်လေးတွေဟာ
ဖွယ်လို့ ခြောက်နေလေပြီ။

"ညစာစားဦးလေမောင်
မစားထားဘူးမလား'

"အိပ်ချင်နေပြီ ကိုကို"

လွန်း မရရအောင်
ထမင်းကျွေးမယ်စဥ်းစားလိုက်သော်လဲ
တကယ်ကို ငိုက်နေတယ့်မောင်ဟာ
မျက်လုံးလေး လက်သည်းခွံ့လောက်တောင်
ပွင့်တော့တာမလို့
လွန်းသုထက် ဆက်မပြောဖြစ်တော့

"ကဲဒါဆို ဗိုက်ဆာရင် ကိုကို့ကိုနိုး
ကိုယ်တစ်ခုခုစီစဥ်ပေးမယ်
ခုအိပ်တော့နော်"

"ဟုတ် ကိုကို"

ထို့နောက် ရင်ခွင်ထဲကမောင့်ကို
ကုတင်ပေါ်လှဲစေလို့
လွန်းသည်လဲ မောင့်ကို ရင်ခွင်ထဲသို့
ထည့်ထားကာ ဖက်ထားလျှက်
အိပ်စက်ခြင်းဆီသို့

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeDonde viven las historias. Descúbrelo ahora