လာပါပြီ သားရဲ့ ဘာတွေစိတ်လှုပ်ရှားနေတာလဲ..

ဟာ ဖေဖေကလည်း ဒီနေ့အလုပ်စလုပ်ရမှာလေ
ဟီးဟီး 😁

ဟူတ်ပါပြီဗျာ ကဲကဲ လာ သွားကျစို့သား

ဖေ့ဖေ့ 5သိန်းတန် ဆိုင်ကယ်လေးပေါ်
သျှားသွန်းဖြိုး ပျော်ရွှင်စွာ တက်လိုက်သည်။
သူများတွေလို ဆိူင်ကယ်အကောင်းစားတွေ
ကားတွေ မစီးနိုင်ပေမယ့် သျှားသွန်းဖြိုး ကျေနပ်ပါသည်။ ဘာလို့လဲဆို​တေ့ ဖေဖေနဲ့ မေမေ ရှိနေသေး၍ပင်။
ဦးဟန်သွင်ငြိမ်း သိပ်မမောင်းလိုက်ရပါ ခနအကြာ ကြီးမားကျယ်ဝန်းလှသော ကျောင်းဆောင်ကြီးရှေ့ ထိုးရပ်လိုက်သည်။
သျှားသွန်းဖြိုး က
..ဖေဖေ ရောက်ပြီလား?

အေး သားရောက်ပြီ ဒီမှာလုပ်ရမှာ လာ..ဖေဖေ လိုက်ပြမယ်
ဒါက ကိုယ်ပိုင်ကျောင်းလေ သား

သျှားသွန်းဖြိုး ပါးစပ်အဟောင်းသား ဖြင့် လိုက်ငေးနေ၍ ဦးဟန်သွင်ငြိမ်း က ပြောလိုက်ခြင်းပင်။
ဦးဟန်သွင်ငြိမ်း စိတ်ထဲမှာ​တော့ စိတ်မကောင်းဖြစ်မိသည်။သားလေးလည်း ဒီကျောင်းတက်ချင်မှာဘဲ ဒါပေမယ့် သူ့တို့မှာက ငွေရေးကြေးရေး အဆင်မပြေ
ဦးဟန်သွင်ငြိမ်း မျက်နှာပျက်သွားသဖြင့်
သျှားသွန်းဖြိုး က
..ဖေဖေ စိတ်မကောင်းမဖြစ်ပါနဲ့
သားအခုလည်း ကျောင်းတက်နေရတာဘဲ
နော် သူများတွေဆို သားလိုတောင်မတက်ရဘူး
ဟူတ်တယ်မလား

သားဖြစ်သူ၏ မိဘအပေါ် သိနားလည်မှု့ကြောင့် ကြည်နူးဝမ်းသာ ပီတိဖြာရသည်က ဦးဟန်သွင်ငြိမ်း.

ခနမျှလျှောက်အပြီး ကျောင်း၏ တာဝန်ခံ ရှိသောနေရာရောက်သွားသည်။
ဦးဟန်သွင်ငြိမ်း လာတာကိုမြင်ပြီး ထိုလူက ထိုင်နေရာမှထိုင်ကာ
ပြုံးပြနှုတ်ဆက်သည်။
ဦးဟန်သွင်ငြိမ်း ကပင် စတင်၍
..ဒါ ငါ့သားငယ်လေးပါ သူပန်းပင်နဲ့ပတ်သတ်ပြီး ကျွမ်းကျင်တယ်...

ထိုလူက သျှားသွန်းဖြိုး ကိုသေချာကြည့်၍

..သူ လုပ်နိုင်ပါ့မလား ဦး
သူ့ပုံစံက နည်းနည်း အားနွဲ့နေသလားလို့
.
ထိုလူ့ စကားကို သျှားသွန်းဖြိုး မကြိုက်ပါ
ဒါပေမယ့် ဖေ့ဖေ့ မျက်နှာရှိသေးသည်။
သူဘာမှပြော၍မဖြစ်
ဖေဖေကပင် ပြန်လည် ချေပသည့် သဘောဖြင့်
..
အာ့ဆိုလည်း မင်းတစ်ရက်လောက်စမ်းခိုင်းကြည့်လေ..အဆင်ပြေမပြေ သိရတာပေါ့...

Ring 💍💍💍🔞🔞🔞🔞Where stories live. Discover now