မိဘတွေလဲ ရောက်ပြီဆိုတော့
လွန်း ဖြေရှင်းရန်
သားငယ်ကို ခုံပေါ်မှာသာ တင်ထားခဲ့လိုက်သည်။

သားငယ်သာ မှားရင်သူ့ဘက်က ကျေနပ်အောင်
တောင်းပန်ပြီး တာဝန်ယူရမှာဘဲ
ဒါပေမယ့် သေချာတာကတော့သူမွေးထားတယ့်
သားငယ်ဟာ သွေးဆူလွယ်သူမဟုတ်
ရမ်းကားတတ်သူလဲ မဟုတ်ပါ။
ဘာအကြောင်းတွေများရှိလို့လဲ

"ကလေးတွေက ထမင်းစားချိိန်မှာ ရန်ဖြစ်ကြတာပါ။
ဆရာမတွေလဲ မရှိလိုက်တော့မသိကြဘူး
ပြီးတော့ ဒီကိစ္စကို မိဘချင်းဘဲပြေလည်အောင်
ရှင်းကြစေခြင်ပါတယ်။"

"အို ရှင် ဘာကိုရှင်းရမှာလဲ
တို့သားက မှန်နေမှာ သေချာတာဘဲ
အဲ့လိုဟာတွေကို တရားစွဲမှာ
သားမင်းပြောစမ်း ဘယ့်သူ့ဘက်က အရင်
ပြဿနာရှာလဲပြောစမ်းပါ"

မျက်နှာကို မဲ့ရွဲ့ကာပြောတယ့်
အမျိုးသမီးတစ်ဦး
လွန်း စဥ်းစားတော့မှ အမုန်းမျက်လုံးနဲ့
ကြည့်နေသူဟာ
ပြိုင်ဘက်တစ်ဦးပါလား။
ဒီဇိုင်းကိစ္စနဲ့ မကျေမလည်ဖြစ်ထားတာ
မကြာသေးဘူးလေ။

"ဟုတ်တယ်မေမေ
အဲ့ကောင်လေးဘက်က ပြဿနာအရင်စရှာတာ"

"မဟုတ်ဘူးနော် ပါပါး
သူက အရင်ပြဿနာစရှာတာ"

"သားသုလေး ခနလေးတိတ်တိတ်နေပေး
ပါပါးရှင်းပေးမယ်'

"ဆရာမခင်ဗျ အခုဘယ်နေရာမှာ
ရန်ဖြစ်ကြတာလဲ"

"စာသင်ခန်းထဲမှာပါ"

"ဒါဆိုရင် ဘယ်သူတွေအဲ့နားမှာ ရှိသလဲ
ဆရာမ သိသလောက်ကိုပြောပြပေးပါ"

"ဟုတ်ကဲ့ ကျွန်မ သိတာကတော့
ကျွန်မတို့ရောက်တယ့်အချိန်
ဒီကလေးနှစ်ယောက်က ရန်ဖြစ်နေကြပြီးတော့
သုလေးအစ်ကိုနဲ့ တစ်ဖက်က တမာန်တော်နဲ့ကလဲ ထိုးကြိတ်နေကြတယ်။"

"သားကြီးနဲ့ သူကအသိတွေမလား
ဘာလို့ သားငယ်အခန်းကိုရောက်နေတာလဲဟင်
သားကြီး"

"သားက ငယ်လေးကို အဟမ်း ပါပါးမသိအောင်
ရေခဲမုန့်ဝယ်ပြီး လာကျွေးတာ
တမာန်တော်က သူပျင်းလို့ဆို မုန့်အတူတူဝယ်ရင်း လိုက်လာတာပါ
ဒါပေမယ့် ကျွန်တော်တို့ မုန့်ကျွေးပြီး
ပြန်လာတော့ တမာန်ကသူ့ရဲ့ အဆောင်လေး
ပျောက်နေတယ်တယ့်
လိုက်ရှာရင်း ငယ်လေးအခန်းထဲပါရှာတော့
ငယ်ရဲ့စာအုပ်ကြားထဲကနေ ထွက်လာတယ်
အဲ့ဒါကို ဟင်း တမာန်က ထအော်ပြီး
ပြဿနာရှာတယ်
ဟိုငနာတွေကလဲ သုလေးကို ရန်စတယ်
ပါပါးနဲ့ဒယ်ဒီကို့ပါ ပြောကြတယ်
ဒါကြောင့် ရန်ဖြစ်ကြတာ"

Simple{ပူတူးလေးများနှင့် ကျွန်တော်ချစ်ရသောမောင်}completeWhere stories live. Discover now