လောလောဆယ်တော့အကြီးအကဲအချို့ကို ညစာဖိတ်ကျွေးပြီး အကူအညီတောင်းဖို့စိတ်ကူးထားတာမို့ သူ သူ့မြို့ကိုခဏပြန်ရမယ်။အဝေးကနေအလုပ်လုပ်နေတာကြာပြီမို့ သူ့ကိုယုံကြည်မှုတိုးစေဖို့ ကိုယ်ယောင်သွားပြဖို့စိတ်ကူးနဲ့အတူ မဲဘာန်းကနေထပ်ထွက်သွားရဉီးမှာမို့တစ်ဆက်ထဲ နွေဉီးကိုလွမ်းသွားတယ်။
___________
"အစ်ကို...သားအိမ်ထုတ်ထားတဲ့လူနာရဲ့ဆေးစစ်ချက်ထွက်လာပြီ"

"အင်း...ပြပါဉီး ဘယ်လိုလဲ တေဇ!အစ်ကိုတို့ မှန်းထားသလိုပဲလား"

တေဇက ခေါင်းညိတ်ပြီး စာရွက်အချို့ကို သူ့ဆီပေးတယ်။နွေဉီးဆေးစစ်ချက်တွေကိုကြည့်လိုက်တော့ ထင်တဲ့အတိုင်း ဆီးပိုးဝင်နေတယ်။အဲ့ဒါကြောင့် အဖျားက၉၀/၁၀၀ပတ်ဝန်းကျင်မှာပဲငွေ့ငွေ့ ငွေ့ငွေ့နဲ့ ကြာနေတာ။

ခုလူနာက သားအိမ်ထုတ်ရင်း အနာကျက်သွားတာတောင် အဖျားမကျလို့ ဆေးရုံမဆင်းရတာ ခုဆို ၃ပါတ်ရှိနေပြီ။ပထမတစ်ပါတ်အဖျားမကျကတည်းက နွေဉီးရိုးရိုးဆီးစစ်ပြီးပိုးတွေ့လို့ ပိုးသတ်ဆေးပေးထားပေမယ့် အလုပ်မဖြစ်လို့ ဆီးပိုးမွေးပြီးစစ်ထားတာ။

"လာ..တေဇ အစ်ကိုတို့resultသွားပြောပြရအောင်"

လူနာဆီရောက်တော့ နွေဉီး ဘေးကထိုင်ခုံမှာ သေသေချာချာဝင်ထိုင်ပြီး ဆေးစစ်ချက်တွေတစ်ခုပြီးတစ်ခုကိုထုတ်ပြပြီးရှင်းပြရတယ်။ဆီးပိုးစစ်ထားတဲ့ အဖြေစာရွက်ကို သေချာ ပြရင်း...

"အဒေါ်ခင်ဗျ...ခုကျွန်တော်တို့ ဆေးစစ်ချက်တွေရပြီဗျ...အဒေါ့်အဖျားက ဆီးပိုးဝင်လို့ဖြစ်နေတာ...လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကကျွန်တော်တို့ သွေးရော ဆီးရောပိုးမွေးထားတာလေ ခုအဖြေထွက်လာပြီနော်..."

နွေဉီး အဖြေစာရွက်က စာလုံးတစ်ခုကိုထောက်ပြပြီး...

"ဒီမှာတွေ့လားအဒေါ်..ဒီE.Coliဆိုတဲ့ဘက်တီးရီးယားလေးက အဒေါ့်ကိုဖျားအောင်လုပ်နေတာ...ခုတော့ကျွန်တော်တို့ဖြစ်တဲ့ပြဿနာကိုသေသေချာချာသိပြီဆိုတော့ ဆေးကုရတာလဲပိုလွယ်သွားပြီပေါ့"

လူနာ အဒေါ်ကခေါင်းကိုညိတ်ပြီး သက်ပြင်းချတယ်။သူလဲ ဆေးရုံမှာ တစ်လကိုးသီတင်းနေပြီးတော့ အိမ်မှာနေချင်ရောပေါ့...

?Daffodils[Complete]Место, где живут истории. Откройте их для себя