တဘက်လေး ခါးကို ပတ်ကာ အခန်းထဲ ပြန်ဝသ်လာလိုက်သည်။
အခန်းထဲရောက်တော့ အိပ်ယာပေါ်မှာ
​ကျောင်းဝတ်စုံ နှစ်စုံက အဆင်သင့်
ဒါကိုလာထားပေးသူက​တော့
တခြားသူမဟုတ် သူ့မာမီ ဒေါ်မြပန်းဖြူ ပင်..

နေ့စဥ် ကျောင်းတက်ဝတ်စုံ မာမီကဘဲ
စီစဥ်ပေးခဲ့သည် အခုချိန်ထိ။

ဆံပင်ကို တဘက်နဲ့ ခြောက်အောင် သူတ်လိုက်ကာ ကျောင်းဝတ်စုံ ဝတ်ဆင်လိုက်သည်။

နက်ပြာရောင် ဘောင်းဘီရှည် အပြာနုရောင် အိကျီလက်တိုလေးနဲ့ ကျောင်းဝတ်စုံလေးဝတ်ဆင်ထားသော မင်းခန့်ညား

နက်ကထိုင် ကို ကျနစွာ တပ်ဆင်ပြီး ကျောင်းလွယ်အိတ် ယူကာ အော​က်ထပ်ကိုအပြေးလေး ဆင်းခဲ့လိုက်သည်။
အောက်ထပ်ထမင်းစားခန်းထဲမှာတော့
ဒယ်ဒီနဲ့ မာမီနဲ့က သတင်းစာဖတ်နေသည်။
သူရောက်လာ​တော့ မာမီကထပြီး
လက်ဘက်ရည်နဲ့ ပေါင်မုန့်ကြက်ဥကြော်လေး
လာထည့်ပေးသည်။
နေ့စဥ်နေ့တိုင်းထည့်ပေးနေကျဆိုပေမယ့်
ဒီနေ့တစ်မျိုးဖြစ်နေသည်။
သူစဥ်းစားနေစဥ်

ဦးခန့်မင်းက သား မြန်မြန် စား
ဒယ်ဒီတို့ နောက်ကျနေမယ်

ဟုတ် ဒယ်ဒီ

ခပ်သွက်သွက်ပင် စားလိုက်သည် ပြီးတာနဲ့

ဒယ်ဒီ ပြီးပြီ သွားကျစို့

အေးအေး သား သွားမယ်
မေကြီးရေ ဒီနေ့ ကောင်းကောင်းလေးချက်ထားနော်

မင်းခန့်ညား နားမလည်နိုင်
ဒယ်ဒီက မာမီ့ကို ဘာကိုပြောချင်နေတာလဲ

ဦးခန့်မင်း က ကားမောင်းတဲ့နေရာက တက်လိုက်သဖြင့်

ဟင် ဒယ်ဒီ​မောင်းမှာလား
ကိုအောင်မိုးရေ..........ကိုအောင်မိုး

မင်းခန့်ညား အော်ခေါ်နေတာကို နားထောင်ပြီး
ဦးခန့်မင်း က

သား ခေါ်မနေနဲ့ သူတို့မရှိကျဘူး
လာ....

မင်းခန့်ညား လည်း ကားပေါ်အမြန်တက်လိုက်ရသည်။
ကားပေါ်ရောက်တော့ ဦးခန့်မင်းက ငြိမ်သက်စွာ
ကားကိုမောင်းထွက်လိုက်သည်။

နှစ်ယောက်လုံးတိတ်ဆိတ်စွာ မောင်းလာကျသည်။
လမ်းခုလတ်တစ်နေရာကျ မင်းခန့်ညားက

Ring 💍💍💍🔞🔞🔞🔞Where stories live. Discover now