ကားကအိမ်ရှေ့သို့ထိုးရပ်လိုက်သည်။
ကိုအောင်မိုး ကားတံခါးဖွင့်ပေးတာ မစောင့်​တော့ဘဲ သူ့ဘာသူဖွင့်ဆင်းလိုက်သည်။

ဘာမှမတွေးမိ ဒယ်ဒီနှင့် မာမီဆီသာ အပြေးနှင်လျက်
....

အိမ်ထဲရောက်သွားသော် မင်းခန့်ညား မြင်လိုက်ရသည်က သွေးတက်စရာမြင်ကွင်းပင်..

အဘယ်ကြောင့်ဆိုသော်....

သူ့ ဒယ်ဒီနှင့် မာမီက
ဆိုဖာပေါ်မှာ ထိုင်လျက်သား....
စားပွဲပေါ်တွင်က
သူ့အကြိုက်ဆုံးလို့ပြောထားတဲ့

ကွန်ပြူတာ တစ်လုံး

မင်းခန့်ညား ခုန်ပေါက်ကာ ဒယ်ဒီနဲ့မာမီ့နား ပြေးသွားလိုက်သည်

Happy birthday to my son🎂🎂🎂
သားအရမ်းပျော်နေတာလား...
မင်းခန့်ညား ၏ ဖခင်ဖြစ်သူ ဦးခန့်မင်းကမေးလိုက်ချင်းပင်.

မင်းခန့်ညားက

အရမ်းပျော်တာပေါ့ ဒယ်ဒီရဲ့ သားအလိုချင်ဆုံးလေ
ဒယ်ဒီက ဘယ်လိုသိတာလဲ

ဟားဟား ဟားဟား
သားက ဒယ်ဒီ့သားပါ ဒယ်ဒီသိတာပေါ့

အမယ်လေး ဖေကြီးရယ် ကျွန်မသားပါနော်

မင်းခန့်ညား၏ မိခင်ဖြစ်သူ ဒေါ်မြပန်းဖြူ
ကပြောလိုက်ချင်းပင်
ဖခင်နှင့် မိခင်စကားကိုကြားပြီး
မင်းခန့်ညား က
သားက ဒယ်ဒီနဲ့မာမီ့သားပါဗျာ

သုံးဦးသားပြိုင်တူရယ်မောမိလိုက်သည်။

ထိုအချိန်တွင်ပင်
နယ်မြို့လေးတစ်နေရာမှာတော့ အလယ်လတ်တန်းစား
မိသားစုလေးတစ်ခုမှာတော့ ပျော်ရွှင်စွာ ထမင်းလက်စုံစားလျက်ရှိနေသည့် သျှားသွန်းဖြိုး တို့မိသားစုလေး
ဖေဖေ မေမေ မမ ကိုကို ညီမလေး သျှားသွန်းဖြိုး
ပေါင်းခြောက်ယောက် ဒီနေ့က ဖေ့ဖေ့ 50နှစ်ပြည့်မွေးနေ့
သျှားသွန်းဖြိုး ပျော်ရွှင်နေမိသည်။
မိသားစု အမြဲတမ်း ဒီလိုလေးဘဲနေချင်မိသည်။
သျှားသွန်းဖြိုး မွေးနေ့က july လ 15ရက်နေ့
အသက်16ပြည့်မည်။
ဒါပေမယ့် သူမလုပ်ဖြစ်ပါ သူ့ကြောင့် ဖေဖေ မေမေ့ကို အလုပ်မရှုပ်စေချင်

သားဘာတွေတွေးနေတာလဲ မေးတာလဲ မဖြေဘူး.....

ဖခင်ဖြစ်သူ ဦးဟန်သွင်ငြိမ်း ၏ စကားကြောင့်
သျှားသွန်းဖြိုး အတွေးတို့ပြတ်တောက်သွားလေသည်။
ဗျာ ဖေဖေ ဘာမေးလိုက်တာလဲ
မိခင်ဖြစ်သူ ဒေါ်အိဖြိုးထိုက် က ဝင်ပြီး...

ဖေဖေက မင်းကိုမေးနေတာ ဘာအလုပ်လုပ်ချင်လဲတဲ့ သားကျောင်းပိတ်ရင်......

သျှားသွန်းဖြိုး ခနမျှ စဥ်းစားးပြီး ဖေဖေစီစဥ်ပေးလေ
သားအဆင် ပြေပါတယ် ဘာဘဲ ဖြစ်ဖြစ်...

ဦးဟန်သွင်ငြိမ်း သဘောကျ ကျေနပ်စွာပြုံးလိုက်သည်
ဒေါ်အိဖြိုးထိုက် ဘက်လှည့်၍
.ဘယ်လိုလဲ မအိဖြိုးထိုက်
ငါ့သားက ငါ့စကားနားထောင်မှာပါဆိုနေ
..

ဒေါ်အိဖြိုးထိုက် က ဟုတ်ပါပြီတော် အတော်တို့သားအဖပါဘဲ ကျုပ်မွေးတာမဟူဆ်ဘူး တော်တော်မွေးတာ တော်မွေးတာ ကျေနပ်ပြီလား

မိခင်ဖြစ်သူ၏ စိတ်ဆိုးပြီး မျက်စောင်းထိုးကား ပြောစကားကိူကြားရ၍ တစ်မိသားစုလုံး ရယ်မောမိကျသည်။

ဒီတိုင်းဘဲ ဖေဖေနဲ့ မေမေက ငယ်ငယ်တူန်းကအတိူင်းပင်
စိတ်ကောက်လိုက် ပြန်ချော့လိုက်ဖြင့်
Roမှု့ပေါင်း သောင်းတစ်ထောင်

ဦးဟန်သွင်ငြိမ်း က
သား.....

သျှားသွန်းဖြိုး အာ့ဆို ဖေဖေ အလုပ်တစ်ခုအပ်ပေးမယ်လေ သားကို
လုပ်ရမှာလဲ အရမ်းမပင်ပမ်းဘူးရယ်

သျှားသွန်းဖြိုး က
..
ဘာအလုပ်လဲ ဖေဖေ

..

သားသဘောကျတဲ့ ပန်းပင်လေးတွေ ရေလောင်းရမှာပါ
ပြုစုပေးရမှာပေါ့ သားရယ်

ဟင် တစ်ကယ်ကြီးလား ဖေဖေ

.တစ်ကယ်ပေါ့ သားရဲ့

ဟေးးးး ပျော်လိုက်တာ
သားဘယ်နေ့စလုပ်ရမှာလဲ ဖေဖေ

မနက်ဖြန်ဖေဖေလိုက်အပ်ပေးမယ်သား

ဟူတ်ကဲ့ ဖေဖေ

ကောင်လေးနှစ်ယောက် မတူညီသောမိသားစု
မတူညီသောစိတ်ကူးလေးများနှင့်
ညအိပ်ယာဝင်ခဲ့လေတော့သည်...............

ဖတ်ရတာ အဆင်ပြေရဲ့လားဟင်☹
အားတဲ့အချိန် တန်းupပေးပါ့မယ်
အက်ဒမင်က အပ်ပရု မပေးရင်တော့ နည်းနည်းကြာမှာပေါ့နော်

မှတ်ချက်လေးပေးခဲ့ပါဦး နော် သာသာ့ကိုချစ်ရင်😘😘😘အားတိုင်းအပ်ပေးပါ့မယ်😗😗😗

Ring 💍💍💍🔞🔞🔞🔞Where stories live. Discover now