ထာဝရ၏ အလွန်

Beginne am Anfang
                                    

လူရှုပ်သည်ကို မုန်းသည်ထက် အကို့ကို တွေ့ချင်ဇောက သိသိသာသာပင် ပိုလျှံနေသည်။

အကို ဟူသည် ဂျွန်ဂျောင်ကု၏ ချစ်သူ မင်ယွန်းဂီ ပင်ဖြစ်သည်။

မင်ယွန်းဂီ နှင့် ဂျွန်ဂျောင်ကုတို့၏ အသွင်သဏ္ဌန် စိတ်နေစိတ်ထားတို့က ​တူသယောင်ယောင်နှင့် ကွဲသည်။

ကွဲပြားမှုများထဲမှ သိသိသာသာ ကွဲပြားခြင်းတစ်ခုမှာ ဂျွန်ဂျောင်ကုသည် စာပေမေဂျာ၏ အကျော်အမော်ကျောင်းသားတစ်ယောက်ဖြစ်သော်ငြား မင်ယွန်းဂီက စာခြောက်ရုပ် မဟုတ်သော စာကြောက်ရုပ်ဖြစ်နေခြင်းပင်။

သို့သော် မြို့ပြအင်ဂျင်နီယာဘွဲ့တော့ အရယူနိုင်ခဲ့သေးသည်။

အကိုဟာ မတော်ယောင်ဆောင်နေသော အတော်အတတ်မျိုးဖြစ်သည်။

ဂျွန်ဂျောင်ကုနှင့် မင်ယွန်းဂီ၏ ဆက်ဆံရေးအား အကျယ်တဝင့်ရှင်းပြရမည်ဆိုလျှင် ဤဆက်ဆံရေးအား စတင်ခဲ့သူက မင်ယွန်းဂီဖြစ်ကြောင်းမှ စရလိမ့်မည်။

ဗိသုကာနှင့်တည်ဆောက်ပုံတွင် ဒိတ်ဒိတ်ကြဲ နာမည်ကျော်သော အမျိုးသားစာပေနှင့် ယဥ်ကျေးမှုကျောင်းသို့ အင်ဂျင်နီယာလောင်းများကွင်းဆင်းရာမှစတင်ခဲ့သော အချစ်သည် ငါးနှစ်ကျော်ခဲ့လေပြီ။

ပထမနှစ်စာပေကျောင်းသားလေး ဂျွန်ဂျောင်ကုအား မြင်မြင်ချင်းပင် မေတ္တာသက်ဝင်ခဲ့ပါသဖြင့် မင်ယွန်းဂီသည် ဝိရီယကြီးစွာပင် ဂျောင်ကုတို့ကျောင်းသို့ အစောဆုံးလာ၍ ဂျောင်ကုထိုင်နေကြ ထိုင်ခုံ၏ ခုံစောင်းလေးထဲတွင် မေတ္တာသဝဏ်လွှာများကို ညှပ်ညှပ်ကာထားခဲ့တတ်သည်။

ပြန်တွေးလိုက်တိုင်း ပြုံးချင်စရာ အမှတ်တရပုံဆောင်ခဲများအား မင်ယွန်းဂီမှ စတင်ထုဆစ်ပုံမှာ...

"တွေ့ရတာဝမ်းသာ​ပါတယ် နောက်ဆုံးနှစ်မြို့ပြအင်ဂျင်နီယာလောင်း မင်ယွန်းဂီပါ"

ပထမဦးဆုံး အညိုရောင်စာရွက်​ခေါက်လေးတွင ရေးထားသော ခပ်သော့သော့ လက်ရေးလေးများကိုကြည့်ကာ ဂျွန်ဂျောင်ကုတစ်ယောက် ယောင်ဝါးဝါးဖြစ်ခဲ့ရသည်။

Beyond Forever || A Yoonkook OneshotWo Geschichten leben. Entdecke jetzt